ပထမအကြိမ် ပြည်တွင်းတွင်လွတ်လပ်စွာ
ပြုလုပ်သည့် “မွန်အမျိုးသားကွန်ဖရင့်”သို့ တက်ရောက်ကြသည့်
ကိုယ်စားလှယ်များက မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် အလေးထား
ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
တက်ရောက်သူလေးရာခန့်ရှိသည့် ယခုမွန်အမျိုးသားကွန်ဖရင့်အား စက်တင်ဘာလ ၂၈ ရက်တွင်စတင် ကျင်းပ ခဲ့ရာ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က သဘာပတိမိန့်ခွန်းပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့ကလည်း အမှာစကား ပြောကြားခဲ့ပါသည်။ အထင်ကရ မွန်ခေါင်းဆောင်များနှင့်အတူ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် မွန်အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်များ၊ မျိုးချစ်သံဃာတော်များ စည်ကားစွာတက်ရောက်ခဲ့ကြသည့် ယခုညီလာခံသည် လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့်ညီလာခံအတွက် အကြိုဖြစ်ကာ မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု ဖော် ဆောင်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန်နှင့် ဒေသတိုးတက် ဖွံ့ဖြိုးရေးတည်ဆောက်ရန် ရည်ရွယ်ကြောင်း ညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်းမှ ပြောပါသည်။ ယခုညီလာခံသို့ မွန်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအပြင် ထိုင်း၊ စင်ကာပူ၊ ကနေဒါမှ ပြည်ပရောက် မွန်ကိုယ်စားလှယ်များ တက်ရောက်ကာ မြန်မာအစိုးရခွင့်ပြုချက်ဖြင့် ပထမအကြိမ် မွန်ပြည်နယ် အစည်းအဝေး ခန်းမတွင် တရားဝင်ကျင်းပခြင်းဖြစ်သည်။ |
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်