(နိရဉ္စရာ- ၁၃ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်တွင် ယခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၁၃ ရက်အထိ
လူကုန်ကူးခံရသူ ၂၂ ဦးရှိခဲ့သော်လည်း ယင်းတို့အားလုံးကို
ကယ်တင်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်လူကုန်ကူးမှုတားဆီး
ကာ ကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းချစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်
ဖျက်ရေးနေ့အခမ်းအနားတွင် ဦးမင်းချစ်ဦးက အထက်ပါ အတိုင်းထုတ်ဖော်ပြောကြားခဲ့ခြင်
းဖြစ်သည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုအဖြစ်ပွားဆုံး ပထမဦးစားပေးမြို့နယ်ပေါင်း ၄ဝ
ကျော်တွင် ရခိုင် ပြည်နယ်ပါဝင်မှုမရှိသော်လည်း ရခိုင်ပြည်နယ်တွင်
ထူးခြားမှုအနေဖြင့် ယခုနှစ်ဇန်နဝါရီလအတွင်း မြေပုံမြို့နယ်မှ ဒေသခံ ၁၃
ဦးနှင့် အမ်းမြို့နယ်မှ ဒေသခံ ၉ ဦးတို့အား ထိုင်းနိုင်ငံတွင် တစ်လလျှင်
ကျပ် ၄ သိန်းကျပ်ဖြင့် အလုပ်လုပ်ရန် လူပွဲစားနှစ်ဦးက
မက်လုံးပေးစည်းရုံးခေါ်ဆောင်သွား
ခြင်း ခံခဲ့ရကြောင်း ဦးမင်းချစ်ဦးက ဆိုသည်။
ယင်းသို့ခေါ်ဆောင်ခြင်းခံရပြီးေ
နာက် အဆိုပါရခိုင်တိုင်းရင်းသား ၂၂
ဦးမှာ ထိုင်းနိုင်ငံ၊ မဟာ ချိုင်ဒေသရှိ ငါးဖမ်းစက်လှေပေါ်တွင်
ရောင်းစားခံရပြီး ယင်းတို့ကို အင်ဒိုနီးရှားနိုင်ငံ၊ အင်ပင်ဆိပ်
ကမ်းသို့အရောက်တွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး
(International Organization for Migration – IOM) အဖွဲ့နဲ့
လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး
ရဲတပ်ဖွဲ့တို့ပူးပေါင်းကယ်တင်နု
ိင်ခဲ့ကြောင်း သိရသည်။
“အဲဒီဖြစ်စဉ်မှာကြည့်မယ်ဆိုရင် ရွာသားတွေဟာ အသိပညာဗဟုသုတနည်းပါးပြီး
လူပွဲစား တွေရဲ့ မက်လုံးပေးစည်းရုံးမှုအပေါ်မှာ အယုံလွယ်ပြီးတော့မှ
လိမ်ညာရောင်းစားခံရတာဖြစ်ပါတယ်” ဟု ယင်းက သုံးသပ်ပြောဆိုသည်။
အဆိုပါလူကုန်ကူးခံရသူများမှာ သြဂုတ်လ ၂၂ ရက်တွင် စစ်တွေသို့ပြန်လည်ရောက်ရှိလာခဲ့
ပြီး ယင်းတို့အား သက်ဆိုင်ရာက ဒေသအသီးသီးသို့ပြန်လည်ပို့ ဆောင်နိုင်ခဲ့ကြောင်းလည်း ဦးမင်းချစ်ဦး က ဆိုသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူကုန်ကူးခံရခြင်း၏အဓိကအကြောင်း
အရင်း
များမှာ ဆင်းရဲနွမ်းပါးသည့်အတွက် ပြည်ပကိုထွက်ခွာ၍
အလုပ်အကိုင်ရှာဖွေခြင်း၊ အချိန်တိုအတွင်း ဝင်ငွေများများရလိုခြင်း၊
အယုံလွယ်ခြင်း၊ အသိပညာဗဟုသုတနည်းပါးခြင်း၊ မိသားစုပြဿများကြောင့်
သားသမီးများအပေါ်အုပ်ချုပ်မှုအား
နည်းခြင်းနှင့် အလုပ်အကိုင်အခွင့်အလန်းနည်းပါြး
ခင်းတို့ကြောင့် ဖြစ်ကြောင်း စစ်တမ်းများတွင်ဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့်ကျေးလက်တောရွ
ာများတွင်
အသိပညာ ဗဟုသုတနည်းပါးပြီး အလုပ်အကိုင်မရှိသည့်သူများ
များပြားစွာရှိသည့်နေသည့်အတွက် ယခုကဲ့သို့ လူကုန်ကူးခံရမှုမဖြစ်ပွားရအောင်
လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာေ
ပးဟောပြောပွဲများကို ရခိုင် ပြည်နယ်အတွင်း မြို့ကြီးများတွင်လုပ်ဆောင်နြေ
ခင်းထက် ဆင်းရဲမှုနိမ့်ကျနေသည့်ကျေးရွာမျ
ားအထိ ကွင်းဆင်းပြုလုပ်ပေးသင့်ကြောင်း အခမ်းအနားသို့တက်ရောက်လာသည့် စစ်တွေမြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောသည်။
“ကျေးလက်တွေအထိသွားပြီး ဟောပြောတာတွေ မရှိသလောက်နည်းတယ်။ ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ
့ အလုပ်မလုပ်ဘူး”ဟု ယင်းက ထောက်ပြပြောဆိုသည်။
အသိပညာဗဟုသုတနည်းပါးမှုအတွက် ပညာပေးမှုသည်သာအဓိကကျပြီး ယင်းလုပ်ငန်းများ ကိုလည်း ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ
့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းပြီး ရပ်ကွက်ကျေးရွာအနှံ့သွားရောက်ကာ နည်းလမ်းမျိုးစုံဖြင့်သွားရောက်
လုပ် ဆောင်ရန် ရခိုင်ပြည်နယ်လူကုန်ကူးမှုတားဆီး
ကာ ကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းချစ်ဦးက အခမ်းအနားတွင်တိုက်တွန်းပြောကြာ
းခဲ့သည်။
http://www.narinjara.com/burmese/?p=11906
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်