သို့
အကြောင်းအရာ။ တိုင်ကြားစာ
တံတားဦးမြို့နယ် တဲတော်ရာရပ်ကွက်နေ (ချဲ
၊ နှစ်လုံးထီနှင့် ဖဲ)များ လောင်းကစားခြင်း ပြုလုပ်သူ လောင်းကစားလက်ခွဲဒိုင်များအား
ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ယခင်ကလည်း တင်ပြ ထားရှိပြီးဖြစ်ရာ ယနေ့အချိန်ထိ
ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုမရှိခြင်းကြောင့် ထပ်မံဖော်ပြလိုက်ခြင်းဖြစ် ပါတယ် အဆိုပါလောင်းကစားသမားသည်
တံတားဦးမြို့၊ တဲတော်ရာ ရပ်ကွက်တွင်နေထိုင်သော(ဘိုဆန်း လောင်းကစားဒိုင်) ဖဲ၊ ချဲထီလောင်း
ကစားခြင်းအား လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး တံတားဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်များထံ
ချဲထီနှင့် ပါတ်သတ်၍ လစဉ် လောင်းကြေးငွေပေးဆောင် ကစားခြင်းဖြစ်ကြောင်း၊ အဆိုပါ လောင်းကစားသမားသည်
ရဲများနှင့် လစဉ်ကြေးပေးဆောင်ကာ လောင်းကစားခြင်းပြုလုပ်သဖြင့် ရဲတပ်ဖွဲ့ ၀င်များမှ
ဖမ်းဆီးအရေးယူခြင်းမရှိဘူးဟု သိရှိရပါသည်။ အဆိုပါ လောင်းကစား သမား ဒိုင်ကိုင်သူ ဘိုဆန်းအား
ရဲများမှ လာရောက်ဖမ်းဆီးရာတွင်လည်း ရဲများမှဖမ်းဆီးဆောင်ရွက်နိုင်မှုမရှိခဲ့ပါ။ အဆိုပါ
ဖြစ်စဉ်များသည် လောင်းကစားသမားနှင့် ရဲ လက်ဝါးရိုက် လုပ်ဆောင်နေခြင်းဖြစ်သည်မှာ အထင်အခြားဖြစ်နေပေသည်။
လောင်းကစားသမားနှင့် ရဲ လက်ဝါးရိုက် လက်သိပ်ထိုးလုပ်နေခြင်းကြောင့်
လောင်းကစားသမားသည် မည်သူကိုမျှဂရုမစိုက် ဥပဒေအောက်တွင် လစဉ်ကြေးရှိနေသောကြောင့် လောင်းကစားသမားကို
ရဲကစောင့် ရှောက်နေသောကြောင့် ယခုလိုတိုင်ကြားရခြင်းဖြစ်ပါသည်။ လောင်းကစားသမားအား ဥပဒေအရအရေးယူ
ဆောင်ရွက်ခြင်းမရှိဘဲ လစဉ်ကြေးအောက်မှာ ရှိနေသော တံတားဦးမြို့နယ်ရှိ၊ နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များ အား စီစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ပေးစေလိုကြောင်း တိုင်ကြားလိုက်ရပါသည်။
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်