ရန်ကုန်၊ မေ ၃၁- မြန်မာစစ်တပ်သည် နိုင်ငံတကာသဘောတူညီချက်ကို
ချိုးဖောက် ကာ ဘင်္ဂလား-မြန်မာနယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းများ
မြှုပ်ထားကြောင်း ဘင်္ဂလား ဒေ့ရှ် စစ်ဘက်ဝက်ဘ်ဆိုက်တစ်ခုတွင် မေ ၃၁ ရက်က
စွပ်စွဲဖော်ပြလိုက်သည်။
မြန်မာစစ်အင်ဂျင်နီယာတပ်ဖွဲ့ များသည် နယ်ခြားမှတ်တိုင် ၃၇၊ ၃၈၊ ၃၉ နှင့် ၄ဝ တစ်လျှောက် ကိုက် ရဝ မှ ကိုက် ၁ဝဝ အတွင်း အကွာအဝေးအမျိုးမျိုးအတွင်း မြေ မြှုပ်မိုင်းများ ချထားသည်ဆိုသည်။ ယင်း ကဲ့သို့ မိုင်းများချထားရခြင်းမှာ နေရာတချို့ ရှိ ထူထပ်သော သစ်တောများတစ်လျှောက် ခြံစည်းရိုးများ ဆောက်လုပ်ရန် ပျက်ကွက် သည့်နေရာများ၌ မိုင်းများချထားသည်ဟု စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ တောင်ဘ ရိုနှင့်ဆက်စပ်သော မြန်မာဘက် မောင်တော မြို့၏ မြောက်ဘက်ပိုင်းတစ်လျှောက် မိုင်း များမြှုပ်ထားသည်ဟု သိရသည်။ မြန်မာအ နေဖြင့် ဘင်္ဂလားနှင့်ထိစပ်နေသော နယ် စပ်တစ်လျှောက် နိုင်ငံတကာ Zero Line မှ ကိုက် ၁၅ဝ အတွင်း မြေမြှုပ်မိုင်းများ ချ ထားခွင့်မရှိဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ ဗိုလ်ချုပ်အဇစ်အာမက်က မီဒီယာ များသို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်း ရေး သတင်းရင်းမြစ်များက မြန်မာတပ်ဖွဲ့ ဝင်များသည် အိမ်နီးချင်းနိုင်ငံမှ ကျူးကျော် မည်ကို စိုးရိမ်သဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ထိ စပ်နေသည့် နယ်စပ်တစ်လျှောက် အမြောက် တပ်စခန်းများ၊ ဘန်ကာများ၊ စက်သေနတ် များ တပ်ဖြန့်ချထားသည်ဟု ယင်းဝက်ဘ် ဆိုက်က သတင်းတစ်ပုဒ်တွင် ဖော်ပြထား သည်။ ဇွန် ၁၄ ရက်က နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် မြန်မာ တပ်ဖွဲ့ဝင်များ၏ ရန်စမှုကို ဘင်္ဂလားဒေ့ရှ် ဘက်က တင်ပြခဲ့သည်။
မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP)နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့(BGB)တို့သည် ဗုဒ္ဓဟူးနေ့က တည်း က ပျောက်ဆုံးနေသော ဘင်္ဂလားဒေ့ရှ် စစ် သားပြန်သယ်ရေးနှင့်ပတ်သက်၍ ယမန်နေ့ က ဘန်ဒါဘန်ရှိ နိုက်ခန်ချဟာရီ၏ ပိန်ချ ဟာရီတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ BGB ဘက်မှ ထိခိုက်မှုမရှိခဲ့သော်လည်း BGP ဘက်က အခြေအနေကိုမူ မသိရှိဟု ဆိုသည်။ မြန်မာတပ်ဖွဲ့ဝင်များက ¤င်းတို့ လက်တွင်ရှိနေသည်ဆိုသည့် အလောင်းတစ် လောင်းမှာ BGB ၏ ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင် နာယက်မီဇာနူရ်ရာမန်၏အလောင်း အား လာရောက်ယူဆောင်ရာမှ နယ်ခြား အနီး BGB ကလာရောက်ယူဆောင်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''ဗုဒ္ဓဟူးနေ့က BGP သည် နယ် ခြားအနီး BGB ကင်းလှည့်တပ်ဖွဲ့တစ်ခု ကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရခဲ့သည့် မီဇာနူရ် ပြန်ရရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ မနက်ကတည်းက မြန်မာတပ်ဖွဲ့ဝင်တွေက သွားရမယ့်နေရာတချို့ကို ကျွန်တော်တို့ကို ပြောပြခဲ့တယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ က သူတို့ပေးတဲ့ အကြံပြုချက်ကို လိုက်နာ ခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက်ပဲ သူတို့က ကျွန် တော်တို့တပ်ဖွဲ့ဝင်တွေကို ပစ်တယ်။ ကျွန် တော်တို့လဲ ပြန်ပစ်တယ်''ဟု BGB အကြီး အကဲက Daily Star သတင်းစာသို့ ပြော ကြားခဲ့သည်။
BGB ကင်းလှည့်တပ်ဖွဲ့ ပြန် လည်ဆုတ်ခွာသွားချိန်တွင် BGP က နယ် စပ်ကိုကျော်ဝင်လာပြီး အဆိုပါတပ်ဖွဲ့ဝင် အလောင်းကို ယူသွားသည်ဆိုသည်။
''ကျွန်တော်တို့ မြန်မာအစိုးရနဲ့ ဆက်သွယ်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်''ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာ ရှိတစ်ဦးက ပြောကြားခဲ့သည်။
BGB သည် ဗုဒ္ဓဟူးနေ့ကတည်း က နယ်စပ်တစ်လျှောက် နောက်ထပ် တပ် ဖွဲ့ဝင်များ လက်နက်ကြီးများ ချထားလျက် ရှိသည်။ မြန်မာဘက်ကလည်း ၄င်း၏စစ် တပ်ကို တပ်ဖြန့်ချထားကြောင်း သိရသည်။
¤င်းတို့အနေဖြင့် လုံလုံလောက် လောက် ကြိုတင်ပြင်ဆင်ထားပြီး မြေပြင် ပေါ်ကအခြေအနေကို ဖြေရှင်းရန် ကြိုးစား နေပြီး သံတမန်နည်းလမ်းဖြင့်လည်း ကြိုး ပမ်းနေကြောင်း BGB အကြီးအကဲ ဗိုလ်ချုပ် အဇစ်က ပြောကြားခဲ့သည်။
ကြာသပတေးနေ့က ဒါကာရှိ မြန်မာသံအမတ်ကြီးကို နိုင်ငံခြားရေးဝန် ကြီးဌာနသို့ဆင့်ခေါ်ခဲ့ပြီး သတိပေးစာ ပေး အပ်ခဲ့သည့်အပြင် မြန်မာနယ်စပ်တလျှောက် နောက်ထပ်နယ်ခြားတပ်စခန်း BOP ၂၈ ခု ဝန်းကျင်ဖွင့်လှစ်မည်ဖြစ်ကြောင်း BGB အရာရှိများက ပြောကြားထားသည်။
yangonmedia.com
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်