ရန်ကုန်၊ သြဂုတ် ၂၆
လက်ရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည် ၂ဝ၁၃ ခုနှစ်
အောက်တိုဘာလက ပြဋ္ဌာန်းထား သော စည်ပင်ဥပဒေနှင့်အညီ ရွေး ကောက် တင်မြှောက်
ထားခြင်း မဟုတ် သဖြင့် ဖျက်သိမ်းပြီး အသစ်ရွေးကောက်
တင်မြှောက်ရန်အတွက်ရန်ကုန်တိုင်း လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု သိရသည်။
ကျင်းပလျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပထမအကြိမ်
နဝမပုံမှန်အစည်းအဝေးတွင် လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုညို သင်းက စည်ပင်
ဥပဒေနှင့်အညီ ရွေး ချယ်ထားခြင်းမရှိသော ရန်ကုန်စည်ပင် ကော်မတီသည် ဥပဒေက
အပ်နှင်းထား ခြင်း မရှိသည့် အခွင့်အာဏာများကို အသုံးပြုနေသည်ကိုတွေ့ရှိရ
သဖြင့်ဖျက် သိမ်းပြီး အသစ်ရွေးချယ် တင်မြှောက်ရန် အရေးကြီး အဆိုကို
တင်သွင်းခဲ့ပြီး ကန့် ကွက်သူအချို့ရှိသော်လည်း လွှတ်တော် ဥက္ကဋ္ဌက သြဂုတ်လ ၂၉
ရက်နေ့ လွှတ် တော် အစည်းအဝေးတွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
”ခရိုင်တစ်ခုစီက ကိုယ်စားလှယ် လောင်း ၄ ဦးအပါအဝင် ကော်မတီဝင် ၉ ဦးနဲ့
ရန်ကုန်စည်ပင်သာယာရေး ကော်မတီကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း
အဲ့ဒီဥပဒေအရ ရန်ကုန် စည်ပင်သာ ယာရေးကော်မတီကို အခု အချိန်အထိ
မဖွဲ့စည်းရသေးပါဘူး” ဟု ဒေါက်တာ ညိုညိုသင်းက လွှတ်တော် သို့ အသိပေး
ပြောကြားပြီး အရေးကြီး ကြားဖြတ် အဆိုကို တင်သွင်းခဲ့သည်။
ကော်မတီကိုမြို့တော်ဝန်၊ စည်ပင် သာယာခရိုင် ၄ ခုမှ ရွေးကောက်ခံ
ကိုယ်စားလှယ် ၄ ဦးနှင့် အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ၄ ဦးတို့ဖြင့်
ဖွဲ့ စည်းရမည်ဟု ၂ဝ၁၃ ခုနှစ် အောက်တို ဘာလအတွင်းက အတည်ပြုခဲ့သော
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ၏ အခန်း (၂) ဖွဲ့စည်းခြင်းက ဆိုထားသည်။
”(စည်ပင်က) ဒီနေ့ ဝေငှထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အဆင့်ဆင့် ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ ပုဒ်မ ၂ အပိုဒ်
(ဃ) အရ ကော်မတီဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အတိအလင်း ဖော်ပြထားပါတယ်။
အဲ့ဒီကော်မတီဆို တာ ဘာလဲဆိုတော့ ၂ဝ၁၃ ခုနှစ် ရန်
ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ အရ ဖွဲ့စည်းသောရန်ကုန်မြို့တော် စည်
ပင်သာယာရေး ကော်မတီလို့ အတိအ လင်း ဖော်ပြထားပါတယ်။ အမှန်ကခရိုင်
ကိုယ်စားလှယ်တွေကို ရွေးမှ မရွေးရ
သေးတာဆိုတော့ ဒီကော်မတီဟာ မရှိ သေးတဲ့ကော်မတီ၊ တရားမဝင်တဲ့ ကော် မတီပေါ့”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
သေးတာဆိုတော့ ဒီကော်မတီဟာ မရှိ သေးတဲ့ကော်မတီ၊ တရားမဝင်တဲ့ ကော် မတီပေါ့”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ဒေါက်တာ ညိုညိုသင်း၏ အဆို တွင် လက်ရှိကျင်းပဆဲ လွှတ်တော်က ဥပဒေအရ
စည်ပင်ကော်မတီကို ရွေး ချယ်ပေးရန်အတွက်ရွေးချယ်ရေး ကော် မရှင်ကို ဖွဲ့စည်းေ
ပးပြီး ကော်မတီကို တရားနည်းလမ်းကျကျ ရွေးကောက်တင် မြှောက်ပေးရန်၊ လက်ရှိ
ကော်မတီက (၁၊၈၊၂ဝ၁၄)ရက်စွဲအရ ထုတ်ပြန်ထား သော ခရိုင်နှင့်မြို့နယ်အဆင့်
စည်ပင် ကော်မတီများကို စက်တင်ဘာလကုန် အပြီး ရွေးချယ်ရေး အမိန့်ကိုဌာနက
ရုပ်သိမ်းပေးရန် စသည့်အချက်များ ပါ ဝင်သည်။
”အဲ့ဒီ မရှိသေးတဲ့ ကော်မတီကပဲ အခုဆို နည်းဥပဒေ ပုဒ်မ ၃ အရ တိုင်း ဒေသကြီး
အစိုးရ၏ သဘောတူညီချက် ဖြင့် ရန်ကုန်မြို့တော် ကော်မရှင်ကို လည်းကောင်း၊
ခရိုင်ကော်မရှင် အဖွဲ့ခွဲ ကိုလည်းကောင်း၊
မြို့နယ်ကော်မရှင်အဖွဲ့ခွဲကိုလည်းကောင်း ဖွဲ့စည်းပေး ထားတာ ဖြစ်နေပါတယ်။
မရှိသေးတဲ့ ကော်မတီက ဖွဲ့ပေးထားတာပါ”ဟု သူမ ကပြောပြီး ယင်းကော်မတီသည် ဥပဒေ
အရ တရားမဝင်ဟုအခိုင်အမာ ဆို သည်။
ထို့အတူ ရန်ကုန်မြို့တော်စည်ပင် က ပြဋ္ဌာန်းလိုက်သော ကော်မတီအဆင့် ဆင့်
ရွေးကောက်တင်မြှောက်ခြင်းဆိုင် ရာ နည်းဥပဒေမှာ ပင်မဥပဒေက ပေး အပ်ထားသော
မဲပေးခြင်း၊ ရွေးချယ်ခံ ခြင်းဆိုင်ရာအခွင့်အရေးအချို့ကို သွယ်
ဝိုက်ကန့်သတ်ထားသလို ဖြစ်နေသည် ကိုလည်း လွှတ်တော်က သတိပြုပြီး ပြင်
ဆင်ပေးရန်လိုအပ်ကြောင်း ၄င်းက ဆို သည်။
”ကန့်သတ်ချက်တွေအရဆိုရင် မြို့နယ်ကော်မတီဝင် ဖြစ်ဖြစ်၊ ခရိုင်
ကော်မတီဝင်ဖြစ်ဖြစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင်ဖြစ် ဖြစ်
ဖြစ်ဖို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ထက်တောင် ခက်
ခဲနေတယ်လို့သုံးသပ်မိပါတယ်”ဟု သူမ က ဆိုသည်။
”ဆိုတော့ လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ မိမိ ကို
မည်သည့်ဥပဒေကမှ မအပ်နှင်းထား သော အခွင့်အာဏာတွေကို အသုံးပြု နေတယ်။
ပင်မဥပဒေက ဒီအတိုင်းဖွဲ့ စည်းပါ ဆိုတာကို မလိုက်နာဘဲ ဖွဲ့စည်း
ပြီးသယောင်ယောင်နဲ့ လွှတ်တော်ကို ရော ပြည်သူတွေကိုရော လှိမ့်နေတာ၊
စော်ကားနေတာ” ဟု သူမက မှတ်ချက် ပြုပြီး တိုင်းဒေသကြီးလွှတ်တော်က စည်
ပင်လက်အောက်ခံမဟုတ်ဟု သက်သေ ပြရန်မှာ ဥပဒေအတိုင်း တရားမဝင် သော ကော်မတီကို
ဖျက်သိမ်းပြီး ဥပဒေ အရ ရွေးကောက် တင်မြှောက်ရန်ပင် ရှိသည်ဟု ဆိုသည်။
သို့သော် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ အရာရှိတစ်ဦး ကမူ
၂၁-၁ဝ-၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ပြန်သည့် တိုင်းဒေသကြီး သို့မ ဟုတ်
ပြည်နယ်အစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၄(ခ)အရ ရန်ကုန်မြို့တော်ဝန်က
ရန်ကုန်မြို့တော်စည်ပင်ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေခြင်း
ဖြစ်ကြောင်း၊ လက်ရှိထုတ်ပြန်ထားသည့် ၂ဝ၁၃ စည်ပင်သာယာရေးဥပဒေပုဒ်မ (၈၃)က
ဤဥပဒေမတိုင်မီ ထုတ်ပြန်ခဲ့ သော စည်ပင်သာယာရေးဆိုင်ရာ ဥပဒေများ၊
နည်းဥပဒေများ စသည်တို့ သည် ဤဥပဒေ၏ ရည်ရွယ်ချက်သ ဘောထားများနှင့်
မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်ဟု ပြဋ္ဌာန်းထားသော ကြောင့်
လက်ရှိဆောင်ရွက်နေသော ကိစ္စများသည် ဥပဒေများနှင့်အညီ
ဆောင်ရွက်နေခြင်းဖြစ်ပါသည်ဟု ပြော ကြားခဲ့ပါသည်။
လက်ရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် မြို့တော်ဝန် ဦးလှမြင့်အပါအဝင် ၅ ဦးသာရှိကြောင်း သိရသည်။
KYL
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်