AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, September 17, 2014

ခရစ်ယာန်သင်းအုပ်၊ ဓမ္မဆရာများအား အသုံးချကာ KIA လူသစ်စုဆောင်း

Posted by Unknown Friday, September 12, 2014,  

စက်တင်ဘာ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)သည် ထိန်းချုပ်နယ်မြေများအလိုက် ခရစ်ယာန်ဘာသာရေး သင်းအုပ် ဆရာ၊ ဓမ္မဆရာများအား အသုံးချကာ စက်တင်ဘာ ပထမပတ်မှစ၍ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဒေသခံကချင်ပြည်သူများသည် အပတ်စဉ် တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်လေ့ရှိရာ ထိုအထဲမှ လူငယ် လူရွယ်များအား သီးခြားတွေ့ဆုံကာ စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။


``၀တ်ပြုလာတဲ့ အထဲမှာ လူငယ်တွေလည်း ပါတာပေါ့။ ၀တ်ပြုဆုတောင်းပြီးတဲ့နောက် အဲဒီလူငယ်တွေကို သီးခြားတွေ့ဆုံတာပါ။ လူငယ်တွေကို KIA အဖွဲ့ထဲဝင်ဖို့ ဖာသာတွေက စည်းရုံးတယ်လို့ သိရပါတယ်´´ ဟု အုပ်ထိန်းသူမိဘတစ်ဦးက ပြောသည်။

``အရင်တုန်းကတော့ ရွာတွေမှာ လာစုတာ၊ တောင်ယာသွားတဲ့လူလည်း ဖမ်းတယ်၊ ကယ်ရီဆွဲတဲ့လူတွေ့ရင် လည်း ဖမ်းတယ်၊ အခုနောက်ပိုင်း ဖမ်းဖို့ လူမရှိတော့တဲ့အတွက် ဘုရားကျောင်းတွေမှာ လာစုတာနေမှာပါ၊ ဒါပေ မယ့် ဘာသာရေးကို ခုတုံးလုပ်တာကတော့ မကောင်းပါဘူး´´ ဟု မလုမိုင်က ဆိုသည်။

KIA အဖွဲ့ အသုံးချခံ သင်အုပ်ဆရာများသည် ဒေသခံကချင်လူငယ်များအား KIA အဖွဲ့ထဲဝင်ရန် စည်းရုံးပြော ဆိုမှုများ ပြုလုပ်နေရသော်လည်း သာသာရေးထုံးတမ်းစဉ်လာနှင့် သွေဖယ်နေသောကြောင့် ထိုသို့ လုပ်ပေး ရခြင်းကို စိတ်ပျက်နေကြကြောင်း သိရသည်။

ဒေသခံလူငယ်များအား စည်းရုံးရန် သင်းအုပ်/ဓမ္မဆရာများအား KIA အဖွဲ့မှ ကချင်ပြည်နယ်အား ၀မ်ပေါင် နိုင်ငံ ထူထောင်မှသာ ကချင်လူမျိုးများ ကောင်းစားမည်ဖြစ်ကြောင်း၊ ကိုယ့်ပြည်နယ်ကိုယ့်လူမျိုးအား ချစ်ခင်လျှင် ကချင်လူမျိုးတစ်ယောက် အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရန် လူမျိုးရေးဝါဒကို အခြေခံပြီး စည်းရုံးနေကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်