နိုင်ငံတကာ သတင်း   
    

ဓာတ်ပုံ – ရိုက်တာ
 
တရုတ်နိုင်ငံက
 လဆင်းယာဉ်တွေကို အကြိမ်ကြိမ်စေလွှတ်နိုင်မယ့် စမ်းသပ်ဒုံးပျံတစင်း 
အောက်တိုဘာလ ၂၄ ရက်နေ့မနက်က တရုတ်နိုင်ငံက လွှတ်တင်ခဲ့ပါတယ်။  
လကို တပတ်ပြီး ကမ္ဘာပေါ် ပြန်လည်ဆင်းသက်ဖို့ စီစဉ်ထားပြီး ခရီးစဉ်အားလုံး ၈
 ရက်ကြာမြင့်မယ်လို့ အမျိုးသားအာကာသဌာနက ဆိုပါတယ်။ ကမ္ဘာမြေကို 
ပြန်လည်ဆင်းသက်နိုင်အောင် စီစဉ်ထားတဲ့ နည်းပညာထည့်သွင်းထားတာကြောင့် 
နောက်လာမယ့် “လ” လေ့လာရေးခရီးစဉ်တွေမှာ ဒီအာကာသယာဉ် 
ပြန်လည်အသုံးပြုနိုင်မယ် လို့လည်း တရုတ်အာကာသဌာနက ဆိုပါတယ်။ 
တကယ်လို့ စမ်းသက်မှုအောင်မြင်ရင် နောက်တဆင့်အနေနဲ့ ချောင်အမှတ် ၅ 
လဆင်းယာဉ်ကို စေလွှတ်မယ်လို့ ဂြိုဟ်တုလွှတ်တင်ရေးစင်တာ အင်ဂျင်နီယာချုပ်က 
ပြောဆိုပါတယ်။
http://burmese.dvb.no/archives/68794
 
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်