AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, October 24, 2014

ဆုံစည်းခဲ့သောမြစ်တစ်စင်းသို့..ဆိုခဲ့သောစကားတို့ဖြင့်သိဖွဲ့မြဲစေအပ်သော..နှစ်


ပူလောင်ပြင်းပျလှတဲ့ ဘဝရာသီဥတုတွေကိုလည်း
ယုံကြည်နွေးထွေးရိုးရှင်းလှိုက်လှဲကရုဏာတရားတို့ဖြင့် ပြီးပြည့်စုံနေသော
မင်းအပြုံးတွေနဲ့ထပ်တူအေးမြ အလှဆုံးဖြတ်ကျော်နိုင့်ခဲ့ကြတယ်........

မင်းဆီလာရာလမ်းမှာ ကမ်းပျက်သဲသောင်တွေက
သူတို့ရဲ့ပြင်းပျဆာလောင် ဟန်မဆောင်နိုင်တဲ့မာယာတွေနဲ့
ရေမျှောကမ်းတင် အဆိပ်သင့်ရာဇဝင်တွေကလည်း
သူတို့ရဲ့အနှစ်မဲ့အိပ်မက်သေတွေအကြောင်း နားထောင်ကောင်းအောင်
ဟိမဝန္တာချီးမွမ်းခန်းတွေဖွဲ့လို့.....။
လရောင် လေညှင်းနဲ့ လမ်းပြကြယ်တွေသာမရှိရင်
ဒါမှမဟုတ် မင်းတို့အမျိုးတွေရဲ့ အတိတ်ကာလတွေက
ဘဝနဲ့ရင်းပြီး လိုလိုလားလားမရှိခဲ့ရင် ကန္တာရဆူးတွေသင့်နေတဲ့ကိုယ့်ခြေလှမ်းများ
သေချာပါတယ် မင်းနဲ့မဆုံနိုင်အောင်ဝေးသွားကြမှာပါ။...........
တကယ်ဆိုတို့ခေတ်ရဲ့သေကောင်ပေါင်းလဒဏ်ရာတွေကို ကုသဖို့မင်းနဲ့ကိုယ်ဟာ
ညှိစရာမလိုပဲ ညီခဲ့ကြတဲ့ကြိုးတွေ..သံသယမဲ့စွာနှောင်ဖွဲ့ခဲ့ကြ.....
သွေးရိုးသားရိုးပြောကြကြေးဆိုရင် ဒို့များရဲ့အတိဒုက္ခတွေကိုတောင်
လှလှပပ ရွှေရောင်အတိပြီးစေနိုင်ခဲ့ကြတယ်မလား...
မရယ်နဲ့ မသရော်နဲ့ မနာလိုလည်းမဖြစ်နဲ့ လိပ်ပြာပျက်
နှလုံးသားတို့ အပြစ်ဖို့ညည်းတွားနေသံတွေဟာ
အနာဂတ်လည်းရှိမှာမဟုတ်ဘူး ပစ္စုပ္ပန်မှာလည်းလူနားမထောင်ဘူး
ဘဝနဲ့ရင်းပြီးမကြေကွဲရဲရင်း ဘဝနဲ့ရင်းပြီးစာနာနိုင်လိမ့်မယ်မဟုတ်ဘူး...
သင်ယုံကြည်တဲ့အမှားတွေနဲ့ ဒို့ကြည့်တဲ့တရားဟာလည်းမတူညီနိုင်ဘူး
အဆုံးမတော့ သင်တို့ရဲ့ပျက်သုန်းခြင်းတွေကိုထိုင်ရှုဖို့
သိုးငယ်တစ်ကောင်တစ်မြီးမျှမရှိ ဒါလည်းသင်တို့သိပြီးဖြစ်တယ်
တကယ်ပါ မင်းနဲ့ကိုယ့်ဟာဝေဒနာတွေကိုလည်း မျှဝေခံစားခဲ့ကြ
ရှောင်လွဲလို့မရနိုင်တဲ့ သောကဗျာပါဒတွေကိုပါ
သမာသမတ်ကျကျ အေးအတူပူအမျှ ရင်ဆိုင်နိုင်ခဲ့ကြတယ်လေ
သူ့အကျိုးစီးပွားအတွက် အလင်းရောင်ကိုမုန်းတီးဖျက်စီးနေတဲ့ညခမျာ
သူကိုယ်တိုင်ပဲ အာရုဏ်ဦးကိုသန္ဒေလွယ်ပြီး
သူ့တရားကိုသူစီရင်နေပုံကို ကြယ်စုံညတွေမှာ ဒို့တွေမမောတမ်းပြောခဲ့ကြတယ်လေ...
တကယ်ပဲ မင်းနဲ့ကိုယ်ဟာ ယုံယုံကြည်ကြည်ထပ်တူကျခဲ့ကြ။။
ခေတ်ကိုသစ်ဖို့ အချစ်နဲ့ရင်ဆိုင်ခဲ့ကြတယ်လေ
ကိုယ်ဟာရိုးတံပြိုင်းပြိုင်းနဲ့ နွေသစ်ကိုင်းလေးဖြစ်တဲ့ခါ
မင်းက ပန်းနုရောင်ပွင့်ဖတ်ကလေးတွေနဲ့
နွေနေကိုအန်တုရင်းပွင့်ပြ ရိုးမမြေဝတီနေတလျှောက်က
သဇင်ပန်းလေးတွေက ဒို့သစ္စာရဲ့ပြယုဂ်တွေ
ကိုယ်မယုံကြည်တာကိုချေဖျက်ရင်း ကိုယ်ယုံကြည်ရာကိုတည်ဆောက်ရင်ခုန်ခဲ့ကြတာ
အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ဆိုတဲ့ကာလသုံးပါးဟာ
တသွေးတည်းတသားတည်း မနက်ဖြန်တွေကို
သေချာအောင်ချိန်းဆိုနိုင်ခဲ့ကြ ငြင်းသူမဲ့မင်းအသိပဲလေ
အဲဒါဖြစ်ခဲ့ကြ အသေချာကိုဖြစ်ခဲ့တယ်
ဝေးကွာခြင်းဟာဖြစ်ရိုးဖြစ်စဉ်ကိစ္စ မင်းနဲ့ကိုယ့်ကြား
ဝေးကွာခြင်းဟာဖြစ်ခဲ့ပေါ့။။
တောင်တန်းတွေက ဝမ်းပမ်းတနည်းတိတ်ဆိတ်လို့
အရွက်မဲ့နွေသစ်ကိုင်းတွေကလည်း နာနာကျင်ကျင်လှုပ်ခတ်လက်ပြနှုပ်ဆက်လို့
ချစ်သူမင်းရဲ့ခြေလှမ်းတွေကလည်း ကြေကွဲစွာရပ်တန့်လို့
ကိုယ်တို့ဝေးကွာခြင်းဟာ ဖြစ်ခဲ့ကြပြီပေါ့ကွယ်။။။။

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်