AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, October 20, 2014

အထွေထွေရွေးကောက်ပွဲ ၂၀၁၅ အောက်တိုဘာလကုန် ကျင်းပမည်



2014-10-20

election-commission-305
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမအပတ်ထဲမှာ ကျင်းပသွား မယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာ မှာ ပြောကြားလိုက်ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ရန်ကုန်မြို့ မီကာဆာဟိုတယ် မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃၀ လောက် တက်ရောက်ခဲ့ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေက၂၀၁၅ ရွေးကောက်ပွဲမတိုင် မီ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးအစီစဉ်တွေ ကို ဆောင်ရွက်လိုတဲ့အကြောင်းကို ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့  New Myanmar Foundation ရဲ့ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းက RFA ကို ပြောပါတယ်။
"ကျမတို့ ဒီအရပ်ဖက် အဖွဲ့အစည်းတွေထဲမှာလည်း မဲဆန္ဒရှင် ပညာပေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့အဖွဲ့တွေ ရှိတယ်လေ၊ ရှိတဲ့အခါကျတော့ ဘယ်လိုပူးပေါင်းပြီးလုပ်ရင်ကောင်းမလဲပေါ့၊ အဲဒါလေးတွေကို ဆွေးနွေးတဲ့သဘောပါ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဒီမှာပါဝင်မယ်ဆိုရင် ကျမတို့က ပညာပေးအခန်းကဏ္ဍတွေမှာ လူထုကို မဲစာရင်းသွားကြည့်အောင်၊ နာမည်ပါ မပါစစ်ဆေးဖို့၊ ဒါမျိုးလှုံ့ဆော်မှုတွေ ပညာပေးအခန်းကဏ္ဍတွေကို လုပ်မှာပေါ့နော်"
ဒါအပြင် လာမယ့် နိုဝင်ဘာလက စတင်ပြီး ရန်ကုန်နဲ့ မန္တလေးမြိုတွေမှာ မဲပေးနိုင်သူ စာရင်းကောက်တာတွေကို စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသွားပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံတွေကို တရားဝင်စောင့်ကြည့်ခွင့် ရရေးအတွက် တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရုံတင်မကပဲ သတ်မှတ်ထားတဲ့အချိန်မှာ ကျင်းပပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲကို အကြောင်းတစုံတရာကြောင့် ရွှေ့ဆိုင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးလိုပါသလဲလို့ ဒီကနေ့ လွှတ်တော်မှာ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားခဲ့တာပါ။
http://www.rfa.org/burmese/news/electional-commission-cso-10202014111421.html

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်