 အီဂျစ်နိုင်ငံ
 စီနိုင်းကျွန်းဆွယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က တိုက်ခိုက်မှု ၂ 
ခုကြောင့် လုံခြုံရေးဝန်ထမ်း ၃၃ ယောက် အသတ်ခံခဲ့ရအပြီး အီဂျစ်အစိုးရက ၃ 
လကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်လို့ အစိုးရမီဒီယာ က အစီရင်ခံပါတယ်။
အီဂျစ်နိုင်ငံ
 စီနိုင်းကျွန်းဆွယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က တိုက်ခိုက်မှု ၂ 
ခုကြောင့် လုံခြုံရေးဝန်ထမ်း ၃၃ ယောက် အသတ်ခံခဲ့ရအပြီး အီဂျစ်အစိုးရက ၃ 
လကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်လို့ အစိုးရမီဒီယာ က အစီရင်ခံပါတယ်။ ဒါဟာ အစ္စလာမ္မစ်သမ္မတ မိုဟာမဒ် မာစီ ရာထူးကျအပြီး အဆိုးရွားဆုံး အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကို ရာဖယ်တောင်ကုန်း အရှေ့ဘက်ကနေ နိုင်ငံတကာနယ်စပ်အထိ၊ အနောက်အာရစ်ရှ်ကနေ ပင်လယ်ကမ်းစပ်တလျှောက် နိုင်ငံတကာ နယ်စပ်အထိ သတ်မှတ်ကြောင်းကြေညာတယ်လို့ အီဂျစ်သတင်းတွေက အစီရင်ခံပါတယ်။
စီနိုင်းကျွန်းဆွယ်အတွင်း စီးပွားရေးအခြေအနေ ပြင်ဆင်ဖို့ ကြိုးစားအာရုံစိုက်နေတဲ့ အစ်စလာမစ်စစ်သွေးကြွ သူပုန်ထမှုကို တိုက်ဖျက်ရေး အစိုးရအနေနဲ့ ရုန်းကန်နေရတာပါ။ အစိုးရက စီမံခန့်ခွဲမှုအတွင်း တိုးတက်မှု နည်းနည်းရလာတုန်း ဒီတိုက်ခိုက်မှုက အစိုးရအတွက် နောက်ကြောင်းပြန်စေတဲ့ ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။
http://burmese.dvb.no/archives/68817
 
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်