AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Tuesday, October 21, 2014

အိုင်အက်စ်ချေမှုန်းရေး ကာ့ဒ်တပ်ဖွဲ့ကို အမေရိကန်က စစ်လက်နက်ထောက်ပံ့


NIP000129211647_789522c
ဆီးရီးယား-တူရကီ နယ်စပ်မြို့ ခိုဘာနီနားက အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ၁ လကျော်ကြာ တိုက်ပွဲအတွင်း ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကို ပထမဆုံးအကြိမ် လက်နက်ထောက်ပံ့မှုအဖြစ် အမေရိကန်စစ်တပ်က အောက်တိုဘာ ၂၀ ရက်နေ့မှာ လေကြောင်းကနေ လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။

NIP000129211647_789522cကာ့ဒ်လူမျိုးတွေအတွက် လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ဆေးဘက်အထောက်အပံ့တွေကို သယ်ပို့ပေးခဲ့တယ်လို့ အမေရိကန်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောပါတယ်။
အမေရိကန်ဟာ အီရတ်နိုင်ငံတွင်းက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေရဲ့ ပစ်မှတ်တွေကို သြဂုတ်လကစပြီး လေကြောင်း စစ်ကူပေးခဲ့သလို အိမ်နီးချင်း ဆီးရီးယား နိုင်ငံတွင်းက အိုင်အက်စ်တွေရဲ့ စခန်းတွေကိုတော့ စက်တင်ဘာလက စပြီး ဗုံးကြဲခဲ့ပါတယ်။
လက်နက်အင်အား အများကြီး ပိုကောင်းတဲ့ အိုင်အက်စ်တွေကို ခုခံနေရတဲ့ ခိုဘာနီမြို့က ဆီးရီးယား ကာ့ဒ်လူမျိုးအုပ်စုကလည်း လက်နက်တွေအများကြီး လက်ခံရရှိတယ်လို့ မနေ့က ပြောပါတယ်။

http://burmese.dvb.no/archives/68544

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်