AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, October 27, 2014

အစ္စရေးရဲ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းလူငယ် ဈာပန ကျင်းပ

နိုင်ငံတကာ သတင်း


457879248
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က အစ္စရေးရဲတွေနဲ့ ပါလက်စတိုင်းတွေကြား ရုန်းရင်းဆန်ခတ်မှုအတွင်း အစ္စရေးရဲတွေက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း-အမေရိကန် လူငယ်တယောက်ရဲ့ ဈာပနကို အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ တက်ရောက်ခဲ့ပါတယ်။

457879248အမေရိကန်အစိုးရ ပြောခွင့်ရ ဂျန်စာကီက ဒီလူငယ်ဟာ အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုပြီး မြန်ဆန်ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဆော်သြလိုက်ပါတယ်။
အမေရိကန်အရာရှိတွေက စုံစမ်းမှုကို ဦးဆောင်တဲ့ ဒေသခံအာဏာပိုင်တွေနဲ့အတူ နီးနီးကပ်ကပ် ထိတွေ့လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။
အသက် ၁၄ နှစ်အရွယ် အော်ဝါဟမ်းမဒ်ဟာ ပါလက်စတိုင်းမြောက်ပိုင်း စီလ်ဝဒ်ရွာမှာ ခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။
အစ္စရေးစစ်တပ်ရဲ့ ပြောခွင့်ရကတော့ “ပါလက်စတိုင်း ယောက်ျားတယောက်က စီလ်ဝဒ်ရွာနားက လမ်းမကြီးပေါ်မှာ ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်တာကို အစ္စရေးဘက်က တုံ့ပြန်တာ” လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဂျေရုဆလင်မြို့နားက အာရပ်ရပ်ကွက်တွေမှာ တခြားရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့လို့ လူအတော်များများ ဒဏ်ရာ ရခဲ့ကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေကြား ဇူလိုင်နဲ့ သြဂုတ် စစ်ပွဲအတွင်း အရပ်သား အများစုဖြစ်တဲ့ ပါလက်စတိုင်း အယောက် ၂ ထောင်ကျော် သေပြီး အစ္စရေးဘက်ကတော့ စစ်သားအများစုဖြစ်တဲ့ အစ္စရေး အယောက် ၇၀ သေဆုံးခဲ့ပါတယ်။
http://burmese.dvb.no/archives/68955

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်