AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Tuesday, October 28, 2014

အမေရိကန် မီးတောင်ချော်ရည် လူနေအိမ်နှင့် ကိုက် ၇၀ အကွာ ရောက်ပြီ


2014-10-27T190218Z_1_LYNXMPEA9Q0UM_RTROPTP_2_USA-LAVA-HAWAII
အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရဲ့ အကြီးဆုံးကျွန်းပေါ်က ကီလောင်ဝဲလ် မီးတောင်ကနေ စီးလာတဲ့ချော်ရည်တွေဟာ အနီးဆုံးလူနေအိမ်နဲ့ ကိုက် ၇၀ အကွာကို ရောက်လာပြီလို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ပြောပါတယ်။

2014-10-27T190218Z_1_LYNXMPEA9Q0UM_RTROPTP_2_USA-LAVA-HAWAIIချော်ရည်စီးရာလမ်းကြောင်းက ဒေသခံတွေကိုတော့ နေရာရွှေ့ပြောင်းရမယ့် ဖြစ်နိုင်ခြေ အတွက် တပ်လှန့်ထားပါတယ်။ လေအောက်ပိုင်းဒေသတွေကိုလည်း မီးခိုးဆိုင်ရာ အကြံပြုချက် ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၇ ရက်နေ့ကတည်းက ခုထိ အဆက်မပြတ် ပေါက်ကွဲနေတဲ့ မီးတောင်ထဲက ချော်ရည်တွေ စက်တင်ဘာနှောင်းပိုင်းက ရပ်တန့်ခဲ့ပေမယ့် ကျန်ခဲ့တဲ့ သီတင်းပတ်တွေက ခပ်ဖြည်းဖြည်း ပြန်စီးခဲ့ပါတယ်။
ခုတော့ လူ ၈၀၀ လောက် နေပြီး အိမ်တွေ ဆိုင်လေးတွေ ရှိတဲ့ ကြံစိုက်တဲ့ရွာလေးဆီ စီးလာနေပြီး ချော်ရည်တွေက ၁ နာရီကို ၁၅ ကိုက်နှုန်းနဲ့ စီးလာနေတယ်လို့ အရပ်ဘက်ကာကွယ်ရေး သတင်းစကားတွေက ဆိုပါတယ်။
လာမယ့်ရက်တွေမှာ အိမ်တွေဆီ ချော်ရည်တွေ ရောက်လာနိုင်ပြီး လမ်း ၂ သွယ်ကိုလည်း ပိတ်ထားရပါတယ်။
အမေရိကန် ကြက်ခြေနီအဖွဲ့က အရေးပေါ်ကယ်ဆယ်ရေးစခန်း ဖွင့်ပြီးပြီလို့ မြို့တော်ဝန်ရုံးက ဆိုပါတယ်။
လမ်းအဖွဲ့တွေကတော့ ၁ ရက်ကို ကားစီးရေ ၁ သောင်းလောက် သွားလေ့ရှိတဲ့ အမှတ် ၁၃၀ အဓိက အဝေးပြေးလမ်းမကြီးကို ကာကွယ်ဖို့ ယာယီလမ်းတွေ ဖောက်နေပါတယ်။
တကယ်လို့ ဒီလမ်းမကြီးကို သုံးမရခဲ့ရင် တခြားလမ်း မရှိလို့ လူအယောက် ၈ ထောင်လောက်နေတဲ့ ပူးနားခရိုင်ဟာ ချော်ရည်တွေကြားမှာ ပိတ်မိသွားနိုင်ပါတယ်။
http://burmese.dvb.no/archives/69074

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်