AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, October 27, 2014

ကာ့တောင်လူသတ်မှုစုံစမ်းရန် စကော့တလန်ယာ့ဒ်အဖွဲ့  ထိုင်းသို့ ရောက်

Monday, 27 October 2014 20:09

Written by  Mizzima
ထိုင်းနိုင်ငံ ကော့တောင်ကျွန်း ဗြိတိန်စုံတွဲ သတ်ဖြတ် ခံရမှုကို စုံစမ်းရန် ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့မှ စုံထောက်များ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်သည်။
Thailand-murder-main
ယင်းလူသတ်မှုတွင် တရားခံ အဖြစ် မြန်မာရွှေ့ ပြောင်း လုပ်သား နှစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးထားပြီး သံခြေချင်းခတ် ချုပ်နှောင် ထားသည်။ ဗြိတိန်စုံတွဲ ဒေးဗစ်မေလာနှင့် ဟန်နာ ၀စ်သာရစ်ခ်ျ တို့ နှစ် ဦး ကို သတ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခြင်း ခံထားရသည့် မြန်မာ လူငယ် နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးက ၎င်းတို့ ကို ညှင်းပမ်း နှိပ်စက်ကာ ခံဝန် ထိုးခိုင်းခဲ့ကြောင်း ပြောသည်။

ထိုင်းရဲအဖွဲ့ ၏ စုံစမ်း စစ်ဆေးမှု အပေါ် ကမ္ဘာအနှံ့ ရှိ လူ့အခွင့်အရေး အဖွဲ့ များက ပြင်းထန်စွာ ဝေဖန် ကြသည်။ တရားခံ အဖြစ် စွပ်စွဲခံထား ရသည့် မြန်မာ နှစ်ဦး အတွက် တရားရေး စရိတ် လှုဒါန်းသူများ လည်း ရှိသည်။ ရွေ့ ပြောင်း လုပ်သားများ အရေး ဆောင်ရွက်သူ အန်ဒီဟောလ်က “သူတို့ နှစ်ဦးကို သံခြေချင်း ခတ်ထားတယ်။ နေရ ထိုင်ရ ခက်ကြောင်းသူတို့ က ပြောတယ်”ဟု ပြောသည်။
တရားခံ အဖြစ် စွပ်စွဲခံရသူ၏ မိဘများလည်း ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည်။ “ထိုင်းရဲတွေနဲ့ စကားပြန်တို့ က ရိုက်နှက် နှိပ်စက် တယ်လို့ သားနဲ့ သားရဲ့ သူငယ်ချင်း တို့ က ကျွန်တော့်ကို ပြောပြတယ်”ဟု ကိုဇော်လင်း၏ ဖခင်ဖြစ်သူက ပြောသည်။
“ကျွန်တော့်သားက ကြောက်ရွံ့ လို့ ဝန်ခံ ခဲ့ရတယ်လို့  ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့  သူတို့ဘေးမှာ ရောက်နေပြီ ဖြစ်လို့ သူတို့ အမှန်အတိုင်း ပြောရဲလာ ပါတယ်။ သူတို့ လူမသတ် ခဲ့ဘူးလို့ ပြော တယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဒေးဗစ်မေလာနှင့် ဟန်နာ ၀စ်သာရစ်ခ်ျ တို့ နှစ်ဦးသည် စက်တင်ဘာလ အတွင်းက ကော့တောင်ကျွန်းတွင် သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ ၎င်းတို့ သေဆုံးမှုနှင့် ပတ်သက်ကာ မြန်မာ ရွေ့ ပြောင်း လုပ်သား နှစ် ဦးကို တရားခံ အဖြစ် ယခုလ အစောပိုင်းက ထိုင်းရဲများက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/31115-2014-10-27-13-50-03 

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်