မြန်မာနိုင်ငံမှာ ဒီရေတောတွေကို ရခိုင်ပြည်နယ်၊ ဧရာဝတီနဲ့ တနသာင်္ရီတိုင်းဒေသကြီးတွေမှာ အများဆုံးတွေ့ရပြီး စုစုပေါင်း ဧရိယာ စတုရန်း ကီလိုမီတာ ၅ ထောင်ကျော်ရှိတဲ့အတွက် ကမ္ဘာ့ ဒီရေတာဧရိယာရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းကျော်ရှိ တယ်လို့ ဆိုပါတယ်။
ဒီရေတောတွေဟာ ဆူနာမိငလျင်ရေလှိုင်းလို သဘောဝဘေးတားဆီးပေးတာနဲ့ စိုက်ပျိုးမြေတွေကို ပင်လယ်ဆားငန်ရေတွေဝင်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။
သစ်တောဝန်ကြီးဌာနက ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်း မတိုင်ခင်နဲ့ မုန်တိုင်းလွန်ကာလတွေမှာ ဒီရေတောစိုက်ခင်း ဧကစုစုပေါင်း ၅ သောင်းခွဲလောက် စိုက်ပျိုးခဲ့ပါတယ်။
ဒါ့ပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ဒီရေတောများပြန်လည်ထူထောင်ရေး စီမံကိန်းကိုလည်း ၂၀၁၃ ကနေ ၂၀၁၇ အထိ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ပူးပေါင်းပြီး ဒီရေတောဧက ၂၈၀၀ ကျာ် စိုက်ပျိုးဖို့ ရှိနေပါတယ်။
http://burmese.dvb.no/archives/68688
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်