ဖိုးထားရမ်းမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် နတ့်သ်ဖုန်း ဖျေးဖိထပ် ရဲ့ ပြောကြားချက် အရ သေဆုံး သူ နိုင်းချု့ကလစ် နိမ့်နွန်း အသက် ၆၂ နှစ် နဲ့ ဇနီးဖြစ်သူ မမီး အသက် ၃၅ နှစ်တို့ဟာ သူတို့ အိပ်ခန်းထဲမှာ လည်ပင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဓားထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခန်းထဲက ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေတာကြောင့် မသေခင်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ဟန်ရှိခဲ့ကြောင်း၊ သေဆုံးသူရဲ့ သမီး နန်းဘွန်းဒါး အသက် ၃၅ နှစ်ရဲ့ ထွက်ဆိုချက်အရ ဖခင်ဖြစ်သူဟာ ဘဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကာ မြန်မာအလုပ်သမား ၃ ဦး ရှိကြောင်း၊ အလုပ်သမားနဲ့ ဆက်စပ်ပြီး သိကျွမ်းခဲ့သူ မြန်မာအမျိုးသမီးကို ဇနီးအဖြစ် ပေါင်းသင်းခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီးတဲ့နောက် သေသူရဲ့ ဘတ်ငွေ ၁ သိန်းနဲ့ ယမဟာ ဆိုင်ကယ်တစီးပါ ပျောက်ဆုံးသွားတယ်လို့ ဒုရဲအုပ်က ဆက်ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အနီးနားပတ်ဝန်းကျင်က လူတွေကို မေးမြန်းရာမှာ ဘဲခြံက မြန်မာအလုပ်သမား ၃ ဦးနဲ့ အဲဒီနားက အခြားမြန်မာအလုပ်သမား ၁ ဦး ပေါင်း ၄ ဦးတို့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
ညနေပိုင်းမှာတော့ ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်ကို လူ ၂ ဦးက ဓာတ်ဆီဆိုင်တဆိုင်မှာ လာရပ်ထားပြီး သူတို့ကို တခြားဆိုင်ကယ်တဦးက လာကြိုသွားကြောင်း မျက်မြင် သက်သေတွေက ရဲစခန်းကို အကြောင်းကြားတဲ့အတွက် ဆိုင်ကယ်ပေါ်က လက်ဗွေရာတွေ စစ်ဆေးပြီး လူသတ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဒုရဲအုပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
http://burmese.dvb.no/archives/68549
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်