ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး MPT တည်ဆောက်နေသော တာဝါတိုင်မှာ ၂၀၁၄ ခုနှစ် မေလအတွင်းက ပြီးစီးခဲ့သော်လည်း ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင်မူမရှိသဖြင့် ယခုအချိန်ထိ အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ထိုသို့ အသုံးပြု၍ မရသဖြင့် ဒေသခံများအနေဖြင့် တယ်လီဖုံးဆက်သွယ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေသည်ဟု မေဃ၀တီ လူမူကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ MPT တာဝါတိုင်ကို ၂၀၁၃ခုနှစ်အောက်တိုဘာလ မှ စတင်တည်ဆောက်ပါတယ်။ ၂၀၁၄ ခုနှစ် မေလမှာ ပြီးပါတယ်။ ခုထက်ထိ ဘာစက်ပစ္စည်းမှ မတပ်ဆင်တဲ့ အတွက် ကျွန်တော်တို့ ဒေသက လူတွေ ဖုံးဆက်သွယ်မရဘဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။
မာန်အောင်မြို့နယ်တွင် ဆက်သွယ်ရေး တာဝါတိုင် တစ်ခုသာရှိသေးသဖြင့် မြို့ပေါ်နှင့် နီးစပ်သော ကျေးရွာများသာ တယ်လီဖုန်းကို အသုံးပြုနိုင်ပြီး ကျန်ကျေးရွာများ ဖုန်းဆက်သွယ်မူ အသုံး မပြုနိုင်သေးကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးမှ သစ်ပုံကျေးရွာနှင့်ဆားချက်ကျေး
သို့အတွက် မြန်မာဆက်သွယ်ရေးကကြွေးကြော်နေေ
http://www.narinjara.com/burmese/?p=12488
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်