AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Sunday, November 9, 2014

တိုက်ခိုက်ခံ စစ်ယာဉ်တန်းတွင် စစ်သွေးကြွနံပါတ်တစ်ခေါင်းဆောင် ပါဝင်နိုင်ဟုဆို


အဘူဘာကာ အယ်ဘာဒီ အဘူဘာကာ အယ်ဘာဒီ
အီရတ်နိုင်ငံ မိုဆိုးလ်မြို့အနီးမှာ ယာဉ်တန်းတခုကို အမေရိကန်က လေကြောင်းတိုက်ခိုက်လိုက်တဲ့နောက် အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ စစ်သွေးကြွအဖွဲ့ နံပါတ်တစ် ခေါင်းဆောင် အဘူဘာကာ အယ်ဘာဒီဟာ သေသလား၊ ရှင်းသလား ရှင်းရှင်းလင်း မသိရသေးပါဘူးလို့ အယ်ဟာဒတ်ခ်ျ ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်သွားပါတယ်။
အဘူဘာကာ အယ်ဘာဒီ
အဘူဘာကာ အယ်ဘာဒီ
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ပက်ထရစ် ရိုက်ဒါက ကား ဆယ်စီးထဲမှာ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံအဖွဲ့ က ခေါင်းဆောင်တွေ လိုက်ပါခဲ့တယ်လို့ ယုံကြည်စရာ အကြောင်းရှိ တယ်လို့ ပြော ပါတယ်။

အမေရိကန်က လေကြောင်းတိုက်ခိုက်လိုက်တဲ့ ကားတန်းမှာ အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်တင်ယာဉ် ၁၀ စင်း ပါဝင်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ဟာ အမေရိကန် လေကြောင်း ထိုးစစ်တွေကြောင့် သူတို့ရဲ့ စစ်ရေးဗျူဟာကို ပြောင်းလဲပြီး သိုသိုသိပ်သိပ် လှုပ်ရှားနေတယ်လို့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေရဲ့ မြို့ခံတွေက ပြောပါတယ်။
လေကြောင်းခိုက်ခိုက်မှုအပြီးမှာ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုအဖွဲ့ဝင်တွေက အလောင်း ၅၀ လောက် သယ်သွားခဲ့တယ်လို့ မိုဆိုးလ်မြို့ သုသာန်တခုက တာဝန်ရှိသူတဦးက ပြောပါတယ်။
အီရတ်နိုင်ငံ မြောက်ပိုင်းက အကြီးဆုံးမြိြု့ဖစ်တဲ့ မိုဆိုးလ်မြို့ဟာ ဇွန်လ ၁၀ ရက်နေ့က စပြီး စစ်သွေးကြွတွေရဲ့ လက်ထဲ အတော်များများ ကျရောက်နေတာဖြစ်ပါတယ်။
နောက်တလအကြာမှာ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် အယ်ဘာဒီဟာ မိုဆိုးလ်မြို့က အကြီးဆုံးဗလီမှာ သူ့အဖွဲ့တွေကို မိန့်ခွန်းပြောတဲ့ ဗွီဒီယိုတခု အွန်လိုင်းပေါ် ရောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ အစောပိုင်းမှာ ဆော်ဒီက တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ အယ်ဟာဒတ်ခ်ျ (Al-Hadath) ရုပ်မြင်သံကြား သတင်းမှာ အမေရိကန်လေကြောင်း တိုက်ခိုက်မှုဟာ အစ္စလာမ္မ်နိုင်ငံတော်အမည်ခံအဖွဲ့ရဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားခဲ့ပြီး အဲဒီအထဲမှာ အယ်ဘာဒီလည်း တယောက်  အပါအ၀င် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အီရတ် လုံခြုံရေး အရာရှိတွေကတော့ ဒီသတင်းကို အတည်ပြုချက် မပေးသေးပါဘူး။
ဒါပေမယ် မျက်မြင် ၂ ဦးရဲ့ အဆိုအရ အယ်ကွာအမ်မြို့နားမှာ လေကြောင်းတိုက်ခိုက်မှုတခုဟာ အိမ်တလုံးကို ထိမှန်ခဲ့ပြီး အဲဒီအိမ်မှာ အိုက်အက်စ်အဖွဲ့ ခေါင်းဆောင်တွေ အစည်းအဝေး ထိုင်နေတယ်လို့ ဆိုပါတယ်။
အယ်ဟာဒတ်ခ်ျ ရုပ်မြင်သံကြားသတင်းမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး အယ်ဘာဒီ သေသလား ရှင်သလားကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။
http://burmese.dvb.no/archives/70343

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်