AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Tuesday, November 11, 2014

ဆင်းရဲမှုတိုက်ဖျက်ရန်နှင့် ဆင်းရဲချမ်းသာကွာဟချက် ကျဉ်းစေရန် သေး၊ လတ် လုပ်ငန်းများကို အားပေးရမည်ဟု အာဆီယံ ဥက္ကဋ္ဌ ပြော

Written by  ကိုကိုကြီး

နေပြည်တော် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (သေး၊ လတ် လုပ်ငန်းများ) ဖွံ့ဖြိုးရေးကို အာရုံထား လုပ်ကိုင်ခြင်းဖြင့် အာဆီယံဒေသတွင်း ဆင်းရဲချမ်းသာ အဟကို လျော့ချပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မည်ဟု အာဆီယံ ဥက္ကဋ္ဌ မြန်မာသမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၁ က ကျင်းပသော အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ပြောကြားလိုက်သည်။
ASEAN-Business-Award-04
သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံ စီးပွါးရေးဝန်ကြီးများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

"အာဆီယံဒေသက စီးပွားရေး အခြေအနေကောင်းတယ် ဆိုပေမယ့် စိန်ခေါ်မှုတွေ ရှိတုန်းပါ" ဟု သမ္မတက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အာဆီယံတွင် သေး၊ လတ် လုပ်ငန်းများကို အားပေးခြင်းဖြင့် ပြည်သူများ၏ လူမှု-စီးပွားဘဝများ တိုးတက်လာပြီး ဒေသတွင်း စီးပွားဖွံ့ဖြိုးမှုကို ညှိပေးနိုင်မည်ဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်းနှင့် ၀င်ငွေ တိုးတက်စေခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု တူညီအခွင့်အရေးကို ရရှိစေပြီး ဒေသတွင်း ဆင်းရဲချမ်းသာ ကွာဟမှုကို လျော့နည်းစေမည်ဟု သမ္မတက ပြောသည်။
အာဆီယံ၏ စုစုပေါင်း ဂျီဒီပီ (ဒေသတွင်း အသားတင် ထုတ်လုပ်မှု) မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံရှိပြီး ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး စီးပွားရေး အင်အားဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/32229-2014-11-11-16-37-55

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်