AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Sunday, November 9, 2014

ဘင်္ဂလားမှာခိုလုံနေသူတွေ မြန်မာက ပြန်ခေါ်ရန် ဘင်္ဂလားသမ္မတက သမ္မတဦးသိန်းစိန်ကို ပြော

Written by  မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံက ထွက်ခွာလာသည်ဟု ဆိုသူများကို အမြန်ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှိ သမ္မတ မစ္စတာ အဗ္ဗဒူဟာမစ်ကိုက နိုဝင်ဘာ ၉ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

"အဲဒီဆွေးနွေးချက်အပေါ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေနဲ့ အရင်ထဲက နှစ်ဘက် သဘောတူထားခဲ့တဲ့ စိစစ်ရေးမူလေးချက်နဲ့ စိစစ်ပြီးမှသာ လက်ခံမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ စိစစ်အတည်ပြုပြီးသူများအနေနဲ့ မိမိဆန္ဒအတိုင်း ပြန်လာတာဖြစ်ရမယ် ဆိုတဲ့ ရပ်တည်ချက်များကို အခိုင်အမာထပ်ပြောခဲ့ပြီး ဒါ့ကြောင့် စိစစ်မှုများကို စနစ်တကျ မလုပ်ဘဲ အမြန်ပြန်လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ဘင်္ဂလားဒေ့ရှ်ဘက်ကို အသိပေးခဲ့ပါတယ်"ဟု ဦးရဲထွဋ်က ရေးသားထားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနကလည်း မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ နယ်စပ်ကြား ခြံစည်းရိုးကာရန်ခြင်းနှင့် စပ်ဆက်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၃၉ ဒသမ ၂၅၅ တောင်းခံထားသည့် အနက် ၉၃ ဒသမ ၉၅ ရာခိုင်နှုန်းဖြစ်သည့် ၃၆ ဘီလီယံကျပ်ကျော်ကို တင်ပြထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/32051-2014-11-09-14-48-51

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်