
ကမ္ဘာ့ပေးလှူရေး အညွှန်းကိန်းအတွက် ဗြိတိန်အခြေစိုက် ကူညီဒါနပြုအဖွဲ့ CAF-America က သတ်မှတ်ထားတဲ့ သူစိမ်းသူတွေကို ကူညီပေးတာ၊ စေတနာ့ဝန်ထမ်း ကူညီပေးတာနဲ့ ငွေကြေးထောက်ပံ့ကူညီတာ ဆိုတဲ့ အကူအညီပေးမှု အမျိုးအစား ၃ ခုစလုံးမှာ အမေရိကန်နိုင်ငံဟာ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်တဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။
အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ မလေးရှားက အဆင့် ၇၊ အင်ဒိုနီးရှားက အဆင့် ၁၃၊ ထိုင်းက အဆင့် ၂၁၊ ဖိလစ်ပိုင် အဆင့် ၃၀၊ ဗီယက်နမ်က အဆင့် ၇၉ နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၀၈ အသီးသီးရပ်တည်နေတာပါ။
မြန်မာနိုင်ငံကတော့ မနှစ်တုန်းက အဆင့် ၂ နေရာမှာရှိပြီး ဒီနှစ်မှာ အဆင့် ၁ ထိပ်ဆုံးကို ရောက်လာတာ ဖြစ်ပါတယ်။ ငွေကြေးပေးလှူမှု ၈၅ ရာခိုင်နှုန်းကနေ ဒီနှစ်မှာတော့ ၉၁ ရာခိုင်နှုန်းထိ မြင့်တက်လာတာကြောင့် ထိပ်တန်းစာရင်းမှာ ပါဝင်လာတာပါ။
ပေးကမ်းလှူဒါန်းမှု အနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာတော့ တရုတ်နိုင်ငံပါဝင်ပြီး ဗင်နီဇွဲလားနဲ့ ယီမင်နိုင်ငံတွေက ကပ်စီးအနည်းဆုံးနိုင်ငံတွေအဖြစ် ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
http://burmese.dvb.no/archives/71527
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်