AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, November 12, 2014

စည်းကမ်း မရှိသည့် သွားဆရာဝန်ကြောင့် လူနာပေါင်း ၂၀၀၀၀ ကျော်ကို HIV စစ်ဆေးရန် ပြန်ခေါ်ခဲ့ရ


ဗြိတိန် နိုင်ငံတွင် ဆေးကုသရာ၌ ရောဂါများ ကူးစက်မှု ကင်းဝေစေရေး အတွက်လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များကို မလိုက်နာသည့် သွားဆရာဝန်
တစ်ဦးကြောင့် လူနာများတွင် အိတ်ခ်ျအိုင်ဗွီ ပိုးများ ကူးစက်သွားနိုင်သည်ဟု ကျန်းမာရေး ဌာန အရာရှိများက စိုးရိမ်မကင်း ဖြစ်ကာ ၎င်းဆရာဝန်ထံ ကုသဖူး သူပေါင်း ၂၂၀၀၀ကျော်ကို သွေးစစ်ရန် အတွက် ပြန်လည် ဆင့်ခေါ် ထားရသည်။
Dentist
ယင်း သွားဆရာဝန် ဆေးကုသသည့် ၃၂ နှစ်တာ ကာလ အတွင်း ၎င်းထံတွင် ပြသ ကုသဖူးသူများကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ထားခြင်း ရှိမရှိ စစ်ဆေးရန်ဖြစ် သည်။ ထိုပြင် အဆိုပါ လူများအား အသည်းရောင် အသားဝါ ဘီပိုးနှင့်စီပိုးတို့ အပါအဝင် သွေးမှ တစ်ဆင့် ကူးစက်နိုင်သည့် ရောဂါပိုး များကိုလည်း စစ်ဆေး သွားမည် ဖြစ်သည်။

သွားဆရာဝန်၏ ရောဂါပိုး ကူးစက်မှုကို ကာကွယ် ကုသ ရသည့် စည်းကမ်းများကိုမလိုက်နာပဲ ကုသ နေသည်ကို ဖော်ကောင် လုပ်လိုသူ တစ်ဦးက လျို့ ဝှက်
ကင်မရာဖြင့် မှတ်တမ်းတင် ရိုက်ကူး ပြသခဲ့၍ ဇွန်လအတွင်း ၎င်းအား ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်း ထားခဲ့သည်။ဆေးဘက်ဆိုင်ရာ အရာရှိကြီး များကယင်း ဗီဒီယိုကို ကြည့်ခဲ့ပြီး နောက်တွင် စုံစမ်း စစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ အင်္ဂလန် ပြည်သူ့ ကျန်းမာရေး ဌာနက တစ်ဆင့်လည်းယင်း ဆရာဝန် ထံ ကုသ ဖူးသည့် လူနာ များကို သွေးစစ်ရန် ဆင့်ခေါ် ထားသည်။
ဖော်ကောင်လုပ်သူ လျို့ ဝှက် ရိုက်ကူး ထားသည့် ယင်းဗီဒီယိုတွင် သွားဆရာဝန်၏ စည်းကမ်းမဲ့ ကုသ မှုကြောင့် သွေးမှ တစ်ဆင့် ကူးစက်နိုင် သောရောဂါများ လူနာများထံ ကူးစက်သွား နိုင်သည်ဟု သက်ဆိုင်ရာ အရာရှိများကကောက်ချက် ချကာ ဆေးခန်း ဆေးရုံများနှင့် သက်ဆိုင်သည့် ဘေးအန္တရာယ်တစ်ရပ်အဖြစ် လည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆရာဝန်သည် သွားနှုတ်သည့် ကိရိယာ များကိုသေချာစွာ ပိုးသတ်ခြင်း၊ ဆေးကြောခြင်း မရှိဘဲ အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
ရောဂါပိုးများ ကူးစက်နိုင်ခြေ အန္တရာယ် များသည့် လူနာပေါင်း ၁၆၀ ကျော်ရှိနေမည် ဖြစ်ကြောင်းသတင်းရင်းမြစ်များက ပြောသည်။နာမည်မဖော်ပြထားသည့် ယင်းသွား ဆရာဝန်သည် နော့တင်ဟမ်မြို့ တွင်သွားနှင့် ဆိုင်သော ရောဂါများကို ကုသမှု ပေးခဲ့သည်မှာ ၃၂ နှစ် ကြာမြင့်ပြီဖြစ်ပြီး လူနာပေါင်း ၂၂၀၀၀ကျော် ကို ကုသမှု ပြုလုပ် ထားခဲ့သည်။ လက်ရှိတွင် ထို သွားဆရာဝန်ထံ ကုသမှု ခံယူ ဖူးသူများကို အမျိုးသား ကျန်းမာရေးဝန်ဆောင်မှု ဌာနမှ တာဝန်ရှိ သူများက လိုက်လံစုံစမ်း ဆက်သွယ်လျက် ရှိနေသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/32286-hiv

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်