ရန်ကုန်၊ တင့်ဆွေမောင်
ဇန်န၀ါရီလ ၆
ရခိုင်အမျိုးသားလူမှုရေးအသင်း(လိ
ယင်းအခမ်းအနားအား ရန်ကုန်မြို့၊ လိုင်သာယာ၊ ရက္ခသီလ လေးဝတီဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းပြင် အခမ်းအနားတွင် လွန်ဆွဲပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။
လွန်ဆွဲပွဲတွင် ပထမဆု ပင်လုံကြီးအသင်းမှ ရရှိခဲ့ပြီး ဒုတိယဆုကို အဆင့်မြင့် ၅ ရပ်ကွက်အသင်းမှရရှိခဲ့သည်။
ကံစမ်းမဲတွင် ပထမဆုအတွက် ကျပ်ငွေ ၅သိန်၊ဒုတိယ ဆုကျပ်ငွေ ၃သိန်း၊တတိယဆုကျပ်ငွေ ၂သိန်း ၄င်းပြင် စက်ဘီး၊ ရွှေလက်စွပ်၊ ငွေလက်စွပ်နှင့် တခြားဆုမဲများကိုလည်း ပေးအပ် ချီးမြင့်ခဲ့ကြသည်။
ရခိုင်အမျိုးသားလူမှုရေးအသင်း(
အသင်းဥက္ကဌဦးစံညွန့်မှ “ စာပေယဉ်ကျေးမှု တိုးတက်စေရန်အတွက် ရခိုင်အမျိုးသား စာကြည့်တိုက် ထူထောင်ရန် ကြိုးစားနေပါတယ်။ ဒါကြောင့်လိုအပ်တဲ့ အကူအညီတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
၎င်းစာကြည့်တိုက် တည်ထောင်ရန် အတွက် မြေကွက် (ပေ၂၀နှင့် ပေ ၆၀) ကို ၀ယ်ယူထားကြောင်း သိရသည်။
“ စာကြည့်တိုက်ဆောက်မယ့် မြေအတွက် ၂၀၁၄ ခုနှစ် မျှော်စင်ကျွှန်း ရှိုးပွဲမှ ရရှိထားတဲ့ ကျပ်ငွေ ၁၈၈သိန်းနဲ့ နောက်ထပ် လိုအပ်တဲ့ ငွေတွေကို အသင်း ရံပုံငွေမှ စိုက်ထုတ်ပြီး ကျပ် ၁၉၅သိန်းနဲ့ ၀ယ်ယူထားပါတယ်” သူက ဆက်လက်ပြောဆိုသည်။
လာမည့် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် အသင်းအား ဦးဆောင်မည့် ဗဟိုကော်မတီဝင် ၄၅ ဦးကိုလည်း အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလှူငွေများကို ထည့်ဝင်လိုပါက ဖုန်း-၀၉၂၅၃၅၀၀၂၃၀၊၀၉၅၀၅၈၄၂၀၊
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်