AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, January 23, 2015

ဗြိတိန်စုံတွဲ အသတ်ခံရသည့် ခိုတောင်ကျွန်း နေရာတွင် ဗြိတိန် အမျိုးသမီး တစ်ဦး ထပ်မံသေဆုံး

ဘန်ကောက်။ ။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဟန်နာနှင့် ဒေးဗစ်တို့ စုံတွဲ အသတ်ခံရသည့် နေရာကို ဓာတ်ပုံရိုက်၍ တွစ်တာပေါ်တင်ခဲ့သည့် အသက် ၂၃ နှစ်ရှိ ဗြိတိန် အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်းကို ဇန်နဝါရီ ၂၁ ရက်က ခိုတောင်ကျွန်းတွင် ထပ်မံတွေ့ ရှိသည်။
Christina-Annesley-main
သေဆုံးသူ အမျိုးသမီးမှာ လန်ဒန်တောင်ပိုင်းတွင် နေထိုင်သည့် ခရစ္စတင်းအန်နက်စ်လေး ဆိုသူဖြစ်ကြောင်းကို အတည်ပြုနိုင်သော်လည်း မည်သည့်အတွက် သေဆုံးရသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ခရစ္စတင်းသည် အားလပ်ရက် အပန်းဖြေခရီးအဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သူ့၏ တွစ်တာတွင် နောက်ဆုံး ဓာတ်ပုံတင်ခြင်းအဖြစ် စက်တင်ဘာလအတွင်းက ဒေးဗစ်တို့ စုံတွဲ အသတ်ခံရသည့် နေရာကို ဓာတ်ပုံရိုက်တင်ထားခြင်း ဖြစ်သည်။
"သေဆုံးသူဟာ ဗြိတိန်နိုင်ငံသူဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။" ဟု နိုင်ငံခြားရေးနှင့် ဓနဿဟရရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
"ကျွန်တော်တို့  သေဆုံးသူရဲ့ မိသားစုကို တတ်နိုင်သမျှ ကူညီသွားမှာလည်းဖြစ်ပါတယ်။" ဟု ၎င်းပုဂ္ဂိုလ်က ဆက်လက်ပြောခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/37599-2015-01-23-07-01-05 

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်