AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, January 31, 2015

ယူကရိန်းအစိုးရနှင့် သူပုန်အဖွဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်


Untitled-14 copy
ယူကရိန်းအရှေ့ပိုင်းက မဟာဗျူဟာကျတဲ့မြို့တွေကို ရုရှားကျောထောက်နောက်ပြုထားတဲ့ ယူကရိန်းသူပုန်တွေက ရှေ့တိုးသိမ်းပိုက်လာတာကြောင့် စက်တင်ဘာက ချုပ်ဆိုခဲ့တဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပါတယ်။
ယူကရိန်းအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရပ်ဆိုင်းလိုက်ပြီလို့ ဇန်န၀ါရီ ၃၀ ရက်နေ့မှာ သူပုန်ခေါင်းဆောင်က ကြေညာခဲ့ပါတယ်။

Untitled-14 copyနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဒေါ့စ်ညှက်မြို့တိုက်ပွဲမှာ အရပ်သားအနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲအခြေအနေတွေက ဆက်လက်ဆိုးဝါးနေပြီး သူပုန်တွေအနေနဲ့ ထိုးစစ်ဆင်ဖို့ လမ်းကိုပဲ ရွေးချယ်ရတော့မယ်လို့  ဒေါ့စ်ညှက်မြို့သူပုန်ခေါင်းဆောင် ဒန်နစ် ပေါ်ရှလင် (Denis Pushilin) က ပြောဆိုခဲ့ပါတယ်။
သူပုန်တွေတွေကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကို ဆက်လက်ကိုင်စွဲသွားဖို့ အဆင်သင့်ဖြစ်ပေမယ့် သူတို့နောက်ဆုံး သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေကို ထည့်သွင်းမှ လက်ခံမယ်လို့ ပြောဆိုပါတယ်။
လောလောဆယ် ဒေါ့စ်ညှက်နဲ့ လူဟန်စ့်မြို့ကြားမှာ မဟာဗျူဟာကျတဲ့ ဒီဘောဇဗက် (Debaltseve) မြို့မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။
ဒီဘောဇဗက်မြို့ဟာ ယူကရိန်းအစိုးရက ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး ဒီမြို့ကို သူပုန်တွေသိမ်းပိုက်နိုင်ရင် ဒေါ့စ်ညှက်နဲ့ လူစ့်ဟန့်စ်မြိုတို့နဲ့ တဆက်တည်း ဖြစ်သွားမှာပါ။
အဲ့ဒီမြို့က အစိုးရတပ်ဖွဲ့ဝင်တွေဟာ အ၀ိုင်းခံထားရပြီး ရိက္ခာလည်းပြတ်တောက်နေတယ်လို့ သူပုန်ခေါင်းဆောင်က ပြောဆိုပါတယ်။
ယူကရိန်းပြည်တွင်းစစ် ပြန်လည်ပြင်းထန်လာချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ ကီရတ်မြို့ကို လာရောက်ဖို့ရှိပါတယ်။
ဂျွန်ကယ်ရီခရီးစဉ်ဟာ ယူကရိန်းနိုင်ငံအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသဖို့ ရည်ရွယ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံဟာ ခွဲထွက်ရေးသူပုန်တွေကို စစ်သင်တန်းတွေ၊ အဆင့်မြင့်ဖျက်အားပြင်း လက်နက်တွေပါ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲနေကြတာပါ။
ရုရှားနိုင်ငံကတော့ ဒီလက်နက်တွေကို ရုရှားနိုင်ငံက ထောက်ပံ့တာမဟုတ်ပဲ ယူကရိန်းအစိုးရတပ်တွေဆီကနေ သိမ်းပိုက်ရရှိတဲ့ လက်နက်တွေလို့ ငြင်းပယ်ပြောဆိုပါတယ်။
http://burmese.dvb.no/archives/79497

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်