AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, January 23, 2015

ဘင်္ဂလာဒေခ်ျ့၏ မတည်ငြိမ်မှု ၁၇ ရက်အတွင်း လူပေါင်း ၃၃ ဦးသေဆုံး


public cars and bus set fire in Bangladeshဇန်န၀ါရီလ ၅ ရက်နေ့က စတင်ခဲ့သော မတည်ငြိမ်မူ ၁၇ ရက်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လူပေါင်း ၃၃ ဦးသေဆုံးခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ မီဒီယာများတွင် ဖေါ်ပြသည်။

သေဆုံးသူများအထဲတွင် အတိုက်အခံပါတီ BNP မှ ၁၃ ဦးပါဝင်ပြီး ၇ ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးကာ ၃ ဦးမှာ အာဏာရပါတီ အဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရပြီး ကျန် ၃ ဦးမှာ ၎င်းတို့၏ လူပ်ရှားမှုအတွင်း သေဆုံးခဲ့သည်ဟု ဆိုသည်။
အစိုးရပါတီ အဖွဲ့ဝင် ၃ ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။ အရပ်သား သေဆုံးသူ အရေအတွက်မှာ ၁၇ ဦး ရှိပြီး အများစုမှာ ခရီးသွားနေစဉ် ဘတ်စ်ကားများကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ရာမှ မီးလောင်သေဆုံးခဲ့ကြရသည်ဟု သိရသည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်စဉ်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီးအား ရင်ပူနှင့် ဒက္ကားမြို့ အမြန်လမ်းတွင် မီးလောင်ဗုံးဖြင့် တိုက်ခိုက်သဖြင့် ခရီးသည် ၆ ဦးသေဆုံးခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ ရဲဌာနချုပ်မှာ ဇန်န၀ါရီလ ၁၉ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ၂၃ ဦးသေဆုံးပြီး လူပေါင်း ၃၀၀ ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဇန်န၀ါရီလ ၅ ရက်နေ့က စတင်ခဲ့သော ယင်းမတည်ငြိမ်မှုနှင့် ဆူပူ အကြမ်းဖက်မှုမှာ ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ပါတီ ခေါင်းဆောင် ခါလစ်ဒါဇီယာအား ရဲတပ်ဖွဲ့မှ သူမ၏ ပါတီရုံးခန်းထဲမှ အပြင်သို့ ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါဇီယာသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအား တရားမ၀င်ကြောင်း ကြေညာပြီး ရွေးကောက်ပွဲပြန်လည် ကျင်းပပြုလုပ်ရန် အတွက် အစိုးရဆန့်ကျင်ရေး လူပ်ရှားမှုအား ရက်အကန့်အသတ်မရှိ ဆက်တိုက် ဆင်နွှဲသွားရန် ကြေညာခဲ့သည်။
public cars and bus set fire in Bangladeshယင်းနောက်ပိုင်း အစိုးရမှ သူမအား ရုံးခန်းထဲမှ ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည်။
ယင်းပြင် လက်ရှိ အ၀ါမီလိဂ် အစိုးရမှ အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသားပါတီ (BNP) မှ ခေါ်ယူသော လူထု အစည်းအဝေးကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။
အတိုက်အခံ ပါတီ ခေါင်းဆောင်  ခါလစ်ဒါဇီယာမှ ယင်းပိတ်ဆို့မှုကို တုန့်ပြန်သောအားဖြင့် တစ်နိုင်ငံလုံးရှိ အသွားအလာများ ရပ်တန့်ရန် အထွေထွေ သပိတ်ကို ခေါ်ယူလိုက်ပြီး တစ်နိုင်ငံလုံးရှိ သင်္ဘော၊ ကား၊ ရထားများ သွားလာမှုမှာ လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။
အစိုးရစာသင်ကျောင်းများ၊ ကုန်တိုက်ကြီးများ၊ စက်ရုံကြီးများ၊ ဈေးဆိုင်များလည်း ယင်းအထွေထွေသပိတ်နှင့် အတူ ပိတ်ထားလိုက်ရပြီး တစ်နိုင်ငံလုံး သွားလာ လူပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ယင်းအထွေထွေ သပိတ်တိုက်ပွဲအတွင်း မကျေနပ်သော အတိုက်အခံပါတီဝင်များသည် လမ်းမပေါ်သို့ ထွက်လာခဲ့ကြရာမှ  လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် အနည်းဆုံး လူ ၇ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သည်။
ယခုဖြစ်ရပ်အတွင်း လူအများအပြား သေဆုံးခဲ့ကြရသဖြင့် အစိုးရနှင့် အတိုက်အခံအကြား တစ်ဘက်နှင့် တစ်ဘက်  စွပ်စွဲပြစ်တင်နေကြသည်။
 http://www.narinjara.com/burmese/?p=13436

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်