AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, January 31, 2015

ပါကစ္စတန် တွင်ရှီးယိုက်ဗလီ ဗုံးပေါက် ကွဲ၍ လူ ၄၀ ခန့်သေဆုံး


ပတ်ရှ်ဝါ ။     ။ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ ရှီးယိုက်ဗလီတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲ၍ လူပေါင်း အနည်းဆုံး ၄၀သေ ဆုံးကြောင်း တာဝန် ရှိသူများ ကပြော သည်။
 80677171 a1b3d1f2-f259-42e5-87aa-042640c50f23
ဆင်းရှ်ပြည်နယ် ရှာကာပူခရိုင်အတွင်းရှိ ယင်းဗလီ တွင်သောကြာနေ့ ဝတ်ပြုဆုတောင်း စဉ်ပေါက်ကွဲ မှုဖြစ်ခြင်းဖြစ်ပြီး ဒဏ်ရာရ သူများလည်း ဒါဇင်များ စွာရှိခဲ့ ရာသေဆုံး သူများ ထပ်တိုးနိုင် ဖွယ်ရှိသည်။
ယခု တိုက်ခိုက်မှုကို ပါကစ္စတန် တာလီဘန်အနွယ် ဆွန်နီ စစ်သွေး ကြွအုပ်စုက ၎င်းတို့ ကျုးလွန်ခြင်း ဖြစ်ကြောင်းကြေညာ လိုက်သည်။

ပေါက်ကွဲမှုသည် အသေခံ ကာဖောက် ခွဲခြင်းဖြစ် သည်ဟုဒေသ မီဒီယာများ ကဖော်ပြနေသော်လည်း ရဲများက စုံစမ်း ဆဲဖြစ်သည်။
ပါကစ္စတန်နိုင်ငံ တွင်ပြီးခဲ့သည့် နှစ်များအတွင်း တိုက်ခိုက်မှု များမြင့်တက် လာခဲ့သည်။ ဆွန်နီစစ်သွေး ကြွအုပ်စုက လူနည်းစု ရှီးယိုက်များကို ပစ်မှတ် ထားကာ တိုက်ခိုက် လာလျက် ရှိသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/38129-2015-01-31-09-36-52

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်