AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, January 19, 2015

ဘင်္ဂလာဒေခ်ျ့ IS ခေါင်းဆောင် ဖမ်းဆီး


ရန်ကုန်
ဇန်န၀ါရီ ၁၉
(ဘင်္ဂလာဒေခ်ျ့တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များ)
(ဘင်္ဂလာဒေခ်ျ့တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များ)
ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့မှ ဒေသအတွင်းရှိ IS ခေါင်းဆောင်တစ်ဦး အပါအ၀င် စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း The Daily Star သတင်းတစ်ပုဒ်တွင်ဖေါ်ပြသည်။
သူတို့ကို ဒက္ကားမြို့ ရှိ ဇာတာရာဘာရီနှင့် ကီလီကပ် အရပ်များတွင် ယမန်နေ့ ညက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီးရမိခြင်းကို ယနေ့ထုတ် မီဒီယာအများအပြားတွင် ဖေါ်ပြကြသည်ဟု သိရသည်။ သို့သော် ဖမ်းဆီးခံရသူများမှာ IS အဖွဲ့နှင့် မည်သို့ မည်ပုံ ဆက်နွယ်ပတ်သက်သည်ကို သတင်းများတွင် ဖေါ်ပြထားခြင်း မရှိဟု သိရသည်။
သူတို့ ထံမှ လက်ကမ်းစာစောင်များ၊ လက်တော့ ကွန်ပျူတာများကို သိမ်းဆည်းရမိပြီး ယနေ့ညနေပိုင်းတွင် သူတို့နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။

http://www.narinjara.com/burmese/?p=13394

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်