AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Sunday, February 15, 2015

နိုင်ငံ၏ အချုပ်အခြာအာဏာကိုထိခိုက်နိုင်၍ ဝှိုက်ကတ်ကိုင်သူများအား မဲပေးခွင့်ပြုခြင်းအပေါ် ရခိုင်တစ်ပြည်လုံး ကန့်ကွက်ဆန္ဒပြ၊


စံမောင်သန်း၊ မာန်ယုကျော်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၅
White-card-vote-disagree-My
ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်)ကိုင်ဆောင်သူများအား ပြည်ထောင်စုလွှတ်တော်က မဲပေးခွင့် ပြုလိုက်ခြင်းမှာ နိုင်ငံ၏အချုပ်အခြာအာဏာကို လုံးဝထိခိုက်နိုင်သည်ဟုဆိုကာ ယနေ့ ရခိုင်တစ်ပြည်လုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယခုဆန္ဒပြခြင်းကို ဒေသအာဏာပိုင်များ၏တရားဝင်ခွင့်ပြုချက်များဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နေ့လယ် ၁ နာရ်ီအချိန်မှစတင်ကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ မြို့တိုင်းတွင် တပြိုင်တည်းပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်။
“ဝှိုက်ကတ်ဆိုတာက ကျွန်တော်တို့ရခိုင်တစ်မျိုးသားလုံးမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးရဲ့အချုပ် အခြာအာဏာကိုပါ ထိခိုက်နိုင်တဲ့အပိုင်းကဏ္ဍ၊ ဘာဖြစ်လို့လဲဆိုတော့ ဝှိုက်ကတ်ဆိုတာက နိုင်ငံခြားသားဆိုတဲ့ လူတွေကို၊ ဒီနိုင်ငံသားမဟုတ်တဲ့သူတွေကို လောလောဆယ် ဒီနိုင်ငံမှာနေထိုင်တယ်လို့သာ အသိအမှတ်ပြု ထားတဲ့ ကတ်တစ်ခုပဲဖြစ်တယ်။ နိုင်ငံခြားသားတွေကို အဲလိုပုံစံမျိုး မဲပေးခွင့်သာပေးလိုက်မယ်ဆိုရင် ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ လုံးဝကျဆုံးသွားနိုင်တဲ့အတိုင်းအတာရှိတယ်”ဟု စစ်တွေမြို့တွင်ပြုလုပ်သော ဆန္ဒပြပွဲ တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ အဆိုပါမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က နိရဉ္စရာသို့ပြောသည်။
မြို့နယ်တွင်းရှိ ကျေးရွာများပါမကျန် လူပေါင်းသောင်းချီပါဝင်သော စစ်တွေတွင်ပြုလုပ်သည့် ဆန္ဒပြပွဲ ကြီးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် မြို့ပေါ်ရှိ ဝင်္ကပါကွင်းမှစတင်ကာ ကျောင်းတက်လမ်း၊ မင်းဘာကြီး လမ်းနှင့် ကုန်သည်လမ်းတို့မှတဆင့် လမ်းမကြီးအတိုင်းချီတက်ကာ ယင်းမှ သင်္ဘောဆိပ်နှင့် အုန်းတပင်ရပ် ကွက်လမ်းအတိုင်းချီတက်ပြီး ဝင်္ကပါကွင်းတွင် ပြန်လည်လူစု၍ လူထုဟောပြောပွဲကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
“ရခိုင်ပြည်အနာဂတ်မှာ ဒီဘင်္ဂါလီတွေ နိုင်ငံရေးထဲမှာထဲထဲဝင်ဝင်ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ရခိုင် ပြည်အနာဂတ်အတွက် အခြေအနေမကောင်းဘူး။ ကျွန်တော်တို့ရခိုင်လူမျိုးတွေအတွက် စိန်ခေါ်မှုတစ်ခုလို့ယူ ဆတဲ့အတွက် ဒီဆန္ဒပြပွဲကို ကျွန်တော်ပဲ ဦးဆောင်ပြီးဆန္ဒပြတာပါ”ဟု ရမ်းဗြဲမြို့ဆန္ဒပြပွဲတွင်ဦးဆောင်ပါဝင်သူ ဦးထွန်းထွန်းဦးက နိရဉ္စရာသို့ပြောသည်။
ဝှိုက်ကတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခြင်းကိုပယ်ဖျက်ပေးရန် တောင်းဆိုဆန္ဒပြပွဲများကို ယနေ့ စစ်တွေအပါအဝင် ရခိုင်တစ်ပြည်လုံးအတိုင်းအတာဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားမြို့များတွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများတွင်လည်း လူပေါင်း ထောင်ချီပါဝင်ခဲ့သည်ဟု အဆိုပါမြို့ခံများက ဆိုသည်။
ယခုကဲ့သို့ဆန္ဒပြရာတွင် “ဝှိုက်ကတ်ကိစ္စ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက် လက်မခံ”၊ “နိုင်ငံခြား သား မဲပေးခွင့်မရရေး ဒို့အရေး”၊ “White Card”ကိုင်သူ မဲပေးခွင့် ကမ္ဘာမှာမရှိ”၊ “လွှတ်တော်ထဲက ဘင်္ဂါလီ အမြန်ထုတ်ပေး”၊ “White Card မဲပေးခွင့်လက်ခံသူ ဒို့ရန်သူ”၊ “ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်ချက် တရားမျှတမှုရှိပါစေ” ဟူသည့် စာသားများပါသည့်ဆိုင်းဘိုးများကို မြို့တိုင်းရှိ ဆန္ဒပြလူထုများကိုင်ဆောင်ကာ ယင်းစာသားများအ တိုင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
“ဒီဝှိုက်ကတ်ကိုင်သူတွေကို မဲပေးခွင့်ပေးမယ်ဆိုရင်တော့ ကျွန်မတို့ ရခိုင်ပြည်သူတွေရဲ့စိတ်ခံစားချက် က အလွန်တရာမှ ဝမ်းနည်းစရာကောင်းသွားပါပြီ။ သူတို့ကို မဲပေးပိုင်ခွင့်ပေးမယ်ဆိုရင် ကျွန်မတို့လူမျိုးတွေ နစ်နာရုံသာမက မြန်မာတစ်နိုင်ငံလုံးနစ်နာတယ်လို့ထင်လို့ အခုလိုဆန္ဒလာပြရတာဖြစ်ပါတယ်”ဟု စစ်တွေမြို့တွင် ပြုလုပ်ခဲ့သောဆန္ဒပြရာတွင်ပါဝင်ခဲ့သူ အသက် ၂ဝ ကျော်အရွယ် စစ်တွေမြို့ခံ မတင်က ပြောကြားခဲ့သည်။
White card vote disagree Myanmar people protest
နိုင်ငံတွင်းရှိ ဝှိုက်ကတ်ဟုခေါ်သည့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ယခုနှစ်အ တွင်းပြုလုပ်မည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည် ဟု ယခုလ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။
ဝေဖန်မှုများထွက်ပေါ်ခဲ့သည့်အဆိုပါဆုံးဖြတ်ချက်ကို တရားမျှမှုရှိအောင် ပြန်လည်စိစစ်သုံးသပ်ပေးရန် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ခေါင်းဆောင်၍ လွှတ်တော်ကိုယ်စားလှယ် ၂ဝ ကျော်လက်မှတ် ရေးထိုးကာ ဖွဲ့စည်းပုံခုံရုံးသို့ လွှတ်တော်မှတဆင့် တင်ပြထားပြီးဖြစ်သည်။
ယင်းသို့တင်ပြချက်အပေါ် ဖွဲ့စည်းပုံခုံရုံးကဆုံးဖြတ်လာမည့်အဆုံးအဖြတ်သည် တရားမျှတမှုရှိ/မရှိဆို သည်ကို စောင့်ကြည့်နေဦးမည်ဖြစ်ပြီး ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်မရရှိရေးဟူသည့် ရခိုင်ပြည်သူတို့ လိုလားသည့်အရာကို သက်ဆိုင်ရာက ထုတ်ပြန်မပေးပါက ထုတ်ပြန်ပေးသည်အထိ ဆက်လက်တိုက်ပွဲဝင် ဆန္ဒပြတောင်းဆိုသွားဦးမည်ဟုလည်း ဆန္ဒပြရာတွင်ဦးဆောင်ပါဝင်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။
ရခိုင်လူထုအင်အားများဖြင့် ပြည်လုံးကျွတ်ပြုလုပ်သော ယနေ့ဆန္ဒပြပွဲများကို မြို့တိုင်းတွင် ညနေ ၃ နာရီအချိန်၌ အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
http://www.narinjara.com/burmese/?p=13736

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်