AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, February 18, 2015

ရခိုင်ပြိုလျှင် ဗမာငိုရမည်” ဆိုင်းဘုတ်ကိုင်ပြီး ကျောက်ဖြူတွင် ဆန္ဒထုတ်ဖေါ်


ဇော်ဝင်း
ကျောက်ဖြူ၊ ဖေဖေါ်ဝါရီ ၁၇
17
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲထည့်ခွင့်ပယ်ဖျက်ရေး တောင်းဆိုဆန္ဒပြပွဲတွင် ဆန္ဒဖေါ်ထုတ်သူ အချို့သည်  “ ရခိုင်ပြိုလျှင် ဗမာငိုရမည်” ဟု စာသားပါ သော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

၎င်းစာသား၏ အဓိပ္ပါယ်မှာ မည်သည်ကို ဆိုလိုပါကြောင်း ဆန္ဒပြသူများထဲမှ တစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။
“ ဒီစာသားရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာကို ဘယ်သူမဆို ဖတ်ကြည့်ရင် နားလည် သဘောပေါက်နိုင်ပါတယ်။ ဒီထက် ပိုပြီးပြောစရာမလိုပါဘူး။ ပြောချင်တာကတော့ ရခိုင်ပြိုရင် ဗမာတွေလည်း ငိုရမယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
Kyauk-Pru
ကျောက်ဖြူမြို့ ဆန္ဒဖေါ်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် စတင်ခဲ့ပြီး လူပေါင်း တစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့သည်။ ဆန္ဒဖေါ်ထုတ်သူများသည် ကျောက်ဖြူမြို့  ဘုရားကြီးတောင်ကွင်းမှ စတင်၍ မြို့တွင်း တစ်ပတ်လမ်းလျှောက်ပြီး နာရီစင်ကွင်းထိ ချီတက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲတွင် “ ရခိုင်ပြိုလျှင် ဗမာငိုရမည်၊” ဆိုင်းဘုတ်ပိုစတာများ အပြင် “ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသား အခွင့်အရေးမပေးပါနှင့်၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို တိတိကျကျအမှန်အကန် အကောင်အထည်ဖော်ပါ၊ ၀ှိုက်ကဒ်ကိုင်ဆောင်သည့် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့်ဆန့်ကျင်သည်၊ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌တည်သည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ခြင်းဖြင့် သမိုင်းကိုရေးပါ၊ white card ကိစ္စပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက်လက်မခံ”  စသည့် ပိုစတာများကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Kyauk-Pru-1
ကျောက်ဖြူ ဆန္ဒဖေါ်ထုတ်ပွဲအား ရခိုင်အမျိုးသားပါတီက ဦးဆောင် ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ် ဥက္ကဌ ဦးရန်မျိုးအောင်၊ ပါတီမြို့နယ်အထွေထွေအတွင်းရေးမှူး ဦးဖိုးစံ တို့က အသီးသီးဟောပြောခဲ့ကြသည်။
ဦးဖိုးစံက ဟောပြောရာတွင် “ ၀ှိုက်ကတ်ကိုင်သူများကို မဲထည့်ခွင့်ပြုရန် လွှတ်တော်ကို ဆုံးဖြတ်ခြင်းမှာ တိုင်းပြည်၏ အချုပ်အချာအာဏာကို ထိခိုက်နိုင်သဖြင့် ယခုလို ကန့်ကွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း” ပြောဆိုသည်။
ညနေ၃နာရီတွင် အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=13745

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်