AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Sunday, February 15, 2015

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု အကျဉ်းချုံး ပြုလုပ်


  • 192515_latihan-militer-tahunan-gold-cobra-2013_663_382
  • 192522_latihan-militer-tahunan-gold-cobra-2013_663_382
  • U.S. marines react as a cobra gets too close to them during a jungle survival exercise at a military base in Chon Buri province
  • A U.S. Marine drinks the blood of a cobra during a jungle survival exercise at a military base in Chon Buri province
ထိုင်းနိုင်ငံမှာ နှစ်စဉ်ပြုလုပ်နေတဲ့ ရွှေမြွေဟောက်(Cobra Gold) စစ်ရေးလေ့ကျင့်မှုကို အခုနှစ်တော့ ထိုင်းနိုင်ငံအရှေ့ပိုင်းက စတဟစ်ပ် (Sattahip) ရေတပ်အခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုဟာ အာရှ-ပစိဖိတ်ဒေသအတွင်း အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကြီးဆုံးစစ်ရေး လေ့ကျင့်မှု ဖြစ်ပါတယ်။
http://burmese.dvb.no/archives/8187
အခုနှစ်မှာတော့ ခါတိုင်းနှစ်တွေလို တိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာ မဟုတ်ပဲ သဘာဝဘေးအန္တရာယ်အပေါ် အရေးပေါ်ကယ်ဆယ်ရေးလေ့ကျင့်မှုတွေကို အဓိက လုပ်ဆောင်ခဲ့ကြပါတယ်။
အမေရိကန်တပ်ဖွဲ့က ဗိုလ်ကြီး ဟက်တာ ကွန်တရီရပ်စ် ကတော့ ဒီဒေသမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ မကြာခဏ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဒေသဖြစ်လို့ အခုလို သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အရေးပေါ်ကယ်ဆယ်ရေးတွေ လေ့ကျင့်မှုကလည်း အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်၊ ထိုင်းနဲ့ ဂျပန်တပ်ဖွဲ့ဝင် ၃၂၀ က တိုက်ခိုက်ရေး မဟုတ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး လေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြပါတယ်။
ထိုင်းရေတပ်ဆေးတပ်ဖွဲ့အရာရှိ ဗိုလ်ကြီး ခရိုင်လပ် (Krailert)ကလည်း အရေးပေါ် အခြေအနေတွေမှာ မဟာမိတ်တပ်ဖွဲ့ဝင်တွေအကြား တာဝန်ခွဲဝေယူမှု လေ့ကျင့်ခဲ့ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလာခဲ့တာ ဆယ်စုနှစ် ၃ ခုကျော် ကြာလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် အခုနှစ် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို အကျဉ်းချုံး ပြုလုပ်ခဲ့တာပါ။
မနှစ်က အမေရိကန်တပ်ဖွဲ့ဝင် ၄၃၀၀ စေလွှတ်ခဲ့တာကနေ အခုနှစ်မှာတော့ ၃၆၀၀ ပဲ စေလွှတ်ခဲ့ပါတယ်။
အာရှမှာ စစ်အင်အားအကြီးဆုံးလည်း ဖြစ်ပြီး ထိုင်းစစ်တပ်ကို ထောက်ခံအားပေးတယ်လို့ ပြောဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ ရေရှည်မဟာမိတ် အမေရိကန်နိုင်ငံကြား ထိုင်းစစ်တပ်က စစ်ရေး ချိန်ခွင်လျှာ ညှိနေချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက ထိုင်းနိုင်ငံရေး အင်အားစုတွေကြား အားပြိုင်မှု အဆုံးမသတ်နိုင်တဲ့အဆုံး ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ပေးမယ့် အမေရိကန်ဒေါ်လာ ၄.၇ သန်းဖိုး စစ်ရေးအကူအညီတွေနဲ့ တခြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်နိုင်ငံက ဖျက်သိမ်းခဲ့ပါတယ်။
http://burmese.dvb.no/archives/81877

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်