AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, March 7, 2015

အီရတ် တပ်ဖွဲ့ဝင် များ၏ မြို့သိမ်း တိုက်ပွဲ အိုင်အက်စ် တို့ကို တိုက်ခိုက်မောင်း ထုတ်လိုက်နိုင်



အီရတ် တပ်ဖွဲ့များ ကနိုင်ငံ အနောက်ပိုင်း အယ်လ်ဘဂ္ဂဒါဒီမြို့မှ အိုင်အက်စ် များကို တိုက်ထုတ် လိုက်နိုင် ပြီဖြစ်ကြောင်း အမေရိကန် စစ်တပ် ကပြောသည်။
 81461174 81460550
ပြီးခဲ့သည့်လ အတွင်းက အိုင်အက်စ်တို့ လက်အောက် ကျရောက် သွားသည့် အယ်လ်ဘဂ္ဂဒါဒီမြို့သည် အမေရိကန် စစ်သားများ အီရတ် တပ်ဖွဲ့များ ကိုစစ်သင် တန်းပေးနေသည့် စခန်းမှ ငါးမိုင်ခန့် အကွာတွင် သာရှိနေသည့် မြို့ဖြစ်သည်။

 81461802 81461175
အီရတ်တပ်ဖွဲ့တို့ ၏ပြန်လည်မြို့သိမ်းတိုက်ပွဲကို အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ ၏လေကြောင်း ထိုးစစ်အကူ အညီဖြင့်အောင်မြင် စွာဆင်နွဲနိုင် ခဲ့ခြင်းဖြစ်သည်။
    
တစ်ချိန်တည်းမှာပင် အီရတ်ရှိ နမ်မရဒ် ရှေးဟောင်းမြို့ကို အိုင်အက်စ်တို့က ဘူဒိုဇာများဖြင့် ထိုးကာ ဖျက်ဆီးလိုက်ရာ ယင်းလုပ်ရပ်ကို အီရတ် ကပြင်းပြင်းထန် ထန်ရှုတ်ချ လိုက်သည်။ဘီစီ ၁၃ရာစု ကရှေးဟောင်းမြို့ကို အိုင်အက်စ်တို့ကမတ် ၅ရက်ကစတင်ဖျက်ဆီး ပစ်ခြင်းဖြစ်ကြောင်း အီရတ်တာဝန် ရှိသူများ ကပြော သည်။
    
ကုလသမဂ္ဂ ယဉ်ကျေး မှုအေဂျင်စီ ကလည်း အိုင်အက်စ်တို့က ရည်ရွယ် ချက်ရှိရှိ ယင်းသို့ဖျက် ဆီးခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျုး လွန်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့ သည်။
 81438143 c5cf7059-6590-4a4b-bd22-8d61842af1aa     
အိုင်အက်စ် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ် တို့တွင် နယ်မြေ များစွာကို သိမ်းပိုက် ထားသည်။ ၎င်းတို့က ပုထိုးများ၊ ရုပ်တုများသည် တစ်လွဲစံထား မှုများဖြစ်၍ ဖျက်ဆီးပစ်ရ မည်ဖြစ်ကြောင်းပြော ထားသည်။
    
နမ်မရဒ်ရှေးဟောင်းမြို့သည် တီဂရစ်မြစ်ကမ်း တွင်ရှိပြီး အိုင်အက်စ် လက်အောက် ကျရောက်နေသည့် မိုဆူးလ်မြို့ အရှေ့တောင်ဖက် ၁၈ မိုင်ခန့် တွင် တည်ရှိ သည့်ရှေးဟောင်း မြို့ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/40429-2015-03-07-09-37-22

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်