(စစ်တွေ) နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပိုင် အများပိုင် ကုမ္ပဏီလီမိတက်ရုံးကို မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးဝင်တိုက်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ဝင်တိုက်သော ကားသည် စစ်တွေမြို့ လမ်းမကြီး အတိုင်း ဆတ်ရိုးကျ သင်္ဘောဆိပ်ဘက်မှ မောင်းနှင်လာသောကားဖြစ်ပြီး ဘီလူးမတံတားအနီး အရောက်တွင် အများပိုင် ကုမ္ပဏီ ရုံးခန်းကို ၀င်တိုက်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
“ကားရဲ့ဂျွိုင့်ပြုတ်သွားလို့ တိုက်မိတာပါ။ ရပ်ထားတဲ့ ဆိုင်ကယ်ကို ၀င်တိုက်ပြီး ကားရပ်သွားလို့ တော်သေးတယ်။ မဟုတ်ရင် ကုမ္ပဏီ ရုံးခန်းအထဲထိ ၀င်သွားနိုင်တယ်” ဟု ယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။
နံပါတ်ပြား မတပ်ထားသော MIKO 2 တံဆိပ်ပါ အဆိုပါကားသည် ကုမ္ပဏီလီမိတက်ရုံးခန်းရှေ့ ရပ်ထားသော ဆိုင်ကယ်များ အနက် သုံးစီးကို ၀င်တိုက်မိပြီး၊ နှစ်စီးမှာ ကားအောက်ဝင်ပါသွားပြီး ကားဘရိတ်ကိုက် သလိုမျိုး ဖြစ်သွားရာ ရုံးခန်းအရှေ့တွင် ကားရပ်သွားခြင်း ဖြစ်သည်။
နောက်အတိုက်အခံရသော ဆိုင်ကယ်တစ်စီးမှာ အနည်းငယ်သာ ပျက်စီးသွားကြောင်း သိရသည်။
ယင်းပြစ်ပွားမှုတွင် ကားဒရိုင်ဘာသော်၎င်း၊ ကုမ္ပဏီဝန်ထမ်းများသော်၎င်း တစ်စုံတစ်ဦးမှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းတိုက်မိသော ကားသည် စက်ခေါင်းအလွတ်တပ်ကားဖြစ်ပြီး အထပ်သားများ တင်ဆောင်လာကြောင်း သိရှိရသည်။
http://www.narinjara.com/burmese/?p=13856
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်