အစိုးရယန္တရား အမျိုးသမီးများအပေါ် အကြမ်းဖက်နေဟုဆို


အဖွဲ့ပြောခွင့်ရ ဒေါ်သင်းသင်းအောင်က “ကျမတို့ထောက်ပြထားတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့်အစား အထူးသဖြင့် ပြည်သူလူထုထဲမှာရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်ဖမ်းဆီးနှိပ်စက်ရိုက်နှက်တာတွေ ကာယိနြေ္ဒပျက်ပြားစေအောင်အထိ ဆွဲပြီးတာ့မှ ရဲမေတွေကိုမသုံးဘဲ နောက်ဆုံး ကျောင်းသားကျောင်းသူတွေကို စွမ်းအားရှင်လို့ဆိုတဲ့ အရပ်သားတွေက ပုံပျက်ပန်းပျက် ရမ်းကားတဲ့ ပုံစံရှိတဲ့ ယောက်ျားလေးတွေကို လက်ပတ်တွေတပ်ပြီး အမျိုးသမီးတွေကိုဖမ်းတဲ့ဟာမျိုးတွေ တွေ့ရတယ်လေ။ အဲ့ဒါတွေက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကလာတဲ့ အုပ်ချုပ်ရေးမှူးတွေခေါ်လာတဲ့ လူတွေ၊ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရရဲ့ယန္တရားကိုယ်တိုင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတာကို ထောက်ပြခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ၁၉၉၇ တွင် အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး သဘောတူညီချက် (CEDAW) ကို လက်မှတ်ထိုးတာပြီးဖြစ်တာကြောင့် စာချုပ်ပါ ကတိက၀တ်တွေကို အမှန်တကယ်လက်တွေ့လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးများအခွင့်အရေး လှုပ်ရှားတက်ကြွသူတွေကို အင်တာနက်စာမျက်နှာတွေပေါ် အသရေဖျက်ခံနေရမှု၊ မိုဘိုင်းဖုန်းတွေကတဆင့် လိင်မှုဆိုင်ရာ စော်ကားတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများရှိနေပြီး၊ တိုင်ကြား အရေးယူနိုင်ခြင်းမရှိဘဲ၊ အကာအကွယ်မဲ့စွာ ခံနေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

http://burmese.dvb.no/archives/84727
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်