AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, April 4, 2015

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်း နေရတာလဲ ?



April 3, 2015


ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်း နေရတာလဲ ?
(မိုးမခ) ဧပြီ ၃၊ ၂၀၁၅


၁။    တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း) (nationwide ceasefire agreement) ကို မတ်လ ၃၁ ရက်နေ့ M.P.C မှာ လက်မှတ်ရေးထိုးတဲ့ မင်္ဂလာသတင်း သိရတဲ့အတွက် ပြည်သူလူထုနဲ့ အတူ ဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး ကြိုဆိုပါတယ်။ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင် များအကြား ညှိနှိုင်းဆွေနွေးပွဲတွေမှာ ခက်ခဲစွာဖြတ်သန်းရပြီး စိတ်ရှည်သည်းခံ အပြန်အလှန်လိုက်လျောပေး ကြတဲ့အတွက် နှစ်ဘက်စလုံးကို ချီးကျူးပါတယ်။
၂။    ဒီနေရာမှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးမဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ (၁၆) ဖွဲ့ကိုသာ  အစိုးရက အသိအမှတ်ပြုပြီး MNDAA ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ MNDAAကိစ္စကို လောလောဆယ် တရုတ်နဲ့ UN ရှိနေတာကြောင့် အစိုးရက ဆန္ဒမရှိသေးသလို လက်ရှိလုပ်ငန်းစဉ် ရပ်တန့် သွားမှာကို စိုးရိမ်ကြတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲကြမှ သီးသန့်ခေါင်းစဉ်တစ်ရပ်အနေနဲ့ ဆွေးနွေးသွားဘို့  ရှိတယ်လို့ သိရပါတယ်။ ဒီမူကြမ်းကို တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေက ထပ်မံဖြည်စွက်ဖို့မရှိတော့ပါက တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပပြီးစီးသွားခဲ့လျှင် တပ်မတော်အနေနဲ့ ကိုးကန့်နယ်မြေမှာ  ထိုးစစ်အရှိန်မြှင့်ရေး မရနိုင်တော့ဘဲ မေးခွန်းထုတ်တာခံရနိုင်ပါတယ်။
၃။    MNDAA ခေါင်းဆောင်ဦးဖုန်ကြားရှင်ရဲ့ လုပ်ရပ်ကို စာရေးသူအနေနဲ့ ထောက်ခံခြင်းမပြုနိုင်ပါ။ ကိုးကန့်တိုင်းရင်းသားပြည်သူလူထုဟာ မြေဇာပင်ဖြစ်နေရတဲ့အတွက် ဒုက္ခပင်လယ်ဝေကာ ကိုယ်ချင်းစာ ကရုဏာသက်မိပါတယ်။ ဦးဖုန်းကြားရှင်ဟာ စစ်တိုက်ရာတွင် တရုတ်နိုင်ငံက ကြေးစားစစ်သားများကို အသုံးမပြုဘူးလို့ ငြင်းဆိုပေမဲ့ ယူနန်ပြည်နယ်သာမက ၊ပြည်မကြီးက တရုတ်ကြေးစားစစ်သားများကို သူတို့ခေါ်ယူစုဆောင်းခဲ့ တာကြောင့် ဖမ်းမိခဲ့တဲ့တရုတ်ကြေးစား (၈) ဦးကို လားရှိုးတရားရုံးရဲ့ စီရင်ချက်က မငြင်းနိုင်အောင် သက်သေ ခိုင်မာနေပြီ ဖြစ်တယ်။
တချို့က မူးယစ်ဆေးဝါး မှရတဲ့ငွေနဲ့ နယ်စပ် မှောင်ခိုဈေးကွက်မှ လက်နက်၊ ခဲယမ်းများ ကြိုက်သလောက် ဝယ်လို့ရတယ်ဆိုပါတယ်။ နယ်စပ်တနေရာမှာ လက်နက်ခဲယမ်းတင်ကားကို တရုတ်က ဖမ်းလိုက်တဲ့ဖြစ်စဉ်ကို သတိထားမိလိုက်ပါတယ်။ ဆိုလိုတာက ယူနန်ပြည်နယ်အစိုးရအနေနဲ့ ဒီလိုဖြစ်စဉ်မျိုး ယခင်ကမတွေ့မိလို့ လွှတ်ပေးလိုက်သလို ဖြစ်သွားသလား။ နှစ်နိုင်ငံချစ်ကြည်ရေး ပီကင်းဗဟိုအစိုးရရဲ့ မူဝါဒကိုလေးစားလိုက်နာဘို့ တာဝန်မရှိဘူးလား။ သိလျှက်နဲ့အသာမှေးနေတာမျိုးကောမဖြစ်နိုင်ဘူးလား – မေးရပါမယ်။ ဒီနေ့ထိ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်နေတာမို့ကိုးကန့်MNDAA တပ်များအနေနဲ့ ထပ်မံလိုအပ် လာတဲ့ လက်နက်ခဲယမ်းတွေ အလျှံပယ်သုံးနေတာ စဉ်းစားစရာဖြစ်ပါတယ်။သူတို့ဟာ ဥမင်လှိုင်ခေါင်းသုံး စစ်နည်းဗျုဟာသုံးလာမှူ၊ တရုတ်ယာဉ်ကြီး စီးရေများစွာ သုံးနိုင်မှူ ၊ ဆေးကုသပေးမှူ၊ ယူနီဖေါင်းများသစ်လွင်နေမှူ၊ ကွန်ပျုတာဆက်သွယ်ရေး အဆင့်မြင့်နည်းစနစ်သုံးနိုင်မှူ၊ တရုတ်ဘဏ်က (အတည်ပြုဆဲ) ဖွင့်လှစ်ပေးမှူ၊ စတာတွေ သံသယ ဖြစ်စရာ များတွေ့လာရပါတယ်။
၎။    ဒါတွေကိုဖေါ်ထုတ်ဘို့ မကြိုးစားဘဲ နယ်စပ်တရုတ်လူမျိုးတွေ သေကြေဒဏ်ရာရလို့ ဒေါသ အမျက်ချောင်းချောင်းထွက်ကာ တရုတ်စစ်တပ်အကြီးအကဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် ဆက်ဆံပြုမူတဲ့လေသံဟာ အမျိုးသားရေးစိတ်ဓါတ်နဲ့ လက်ခံဘို့ ခက်ခဲသွားပြီး တရုတ်အစိုးရ ပြောပြောနေတဲ့ မြန်မာနိုင်ငံကို မဟာဗျုဟာမြောက်မိတ်ဖက်နိုင်ငံဆိုတဲ့ သတ်မှတ်ချက်အား မေးခွန်းထုတ်ရပါမယ်။ တောင်တရုတ်ပင်လယ်ကိစ္စတုံးက အမေရိကန်က အိမ်နီးနားချင်းနိုင်ငံတွေကို တရုတ်ဟာ ဗိုလ်ကျတတ်တယ်ပြောလို့ တရုတ်သမ္မတလည်း အနာပေါ်တုတ်ကျသွားပြီမို့ ဆတ်ဆတ်ထိမခံ ပြန်ရှင်းရချိန် သမ္မတဦးသိန်းစိန် အဲဒီတုံးကထိပ်သီးဆွေးနွေးပွဲတက်နေတာမို့ အနားမှာရှိနေခဲ့ပါတယ်။
၅။    MNDAA ဟာ ကြက်ခြေနီယာဉ်တန်း မြို့ရွာလူထု၊ ရဲ၊စစ်ဌာနချုပ်၊စစ်ကြောင်းများကို တိုက်ခိုက်ခဲ့လို့ သေကြေဒဏ်ရာရသူများ ရှိနေတာရယ်၊ ဦးဖုန်ကြားရှင်က သူ့အား ဝရမ်းပြေးကြေငြာ အမှူဖွင့်ခဲ့တာကို သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အပေါ် အခွင့်အရေးယူကာ လူလက်နက်အင်အားစုဆောင်း ပြန်တိုက်တဲ့အတွက် ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကို ပြန်ချောက်ခံရလို့ အစိုးရ၊ တပ်မတော်အနေနဲ့ဖုန်ကြားရှင်ကို လုံးဝလျှော့ပေးမှာ မဟုတ်ဘူးဆိုတာ သုံးသပ်ပါတယ်။
ဒါကြောင့်လည်း တပ်မတော်က စစ်အုပ်ချုပ်ရေးနဲ့ ကိုင်တွယ်ပြီး မတ်လ၂၇ရက်နေ့ ကိုးကန့်နယ်မြေ အပြတ်ရှင်းဘို့တောင်လုပ်ခဲ့ပါသေးတယ်။ အနားပေးမည့်တပ်တွေကို မခိုင်းရ – ညွန်ကြားချက်အား အရေးကြီးခေါင်းစဉ်နဲ့အစားထိုးပြီး ရက်ပိုင်းသာနားနေရတဲ့  တပ်မ(၆၆)ကို ရဟတ်ယာဉ်တွေနဲ့အမြန်ပို့တာကြောင့် ဒုတပ်ရင်းမှူးတဦးကျသွားရခြင်း၊ ရမခတိုင်း စစ်ဌာနချုပ်အား လောင်ချာပစ်ခံရတဲံ့အထိ ကစထမှုးနဲ့ စရဖ သိက္ခာ မြောင်းထဲရောက်သွားပြီး ဖွဲ့စည်းပုံပျက်နေပါတယ်။ ကကပြည်က ရှေ့တန်း အရာရှိစစ်သည် အကျဆုံးများနေပြီး ယနေ့တိုင် မပြီးသေးတာဟာ MNDAAခံစစ်စခန်း ကုန်းကို ကျောက်တောင်တွေမှာ အခိုင်အမာလုပ်ထားတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ရှေ့တန်းတပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ ဗျုဟာမှူး၊ တပ်မမှူးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အထက်ဌာနက ဖြည့်ဆည်း ပေးဘို့ အားနည်းချက်တွေ ရှိနေတယ်လို့သိရတယ်။ ဒါဟာလည်း စစ်ရုံးမှသည် ကစထမှူး၊ တိုင်းမှူးအထိ  အဆင့်ဆင့် ဖြတ်သန်းရတဲ့ ကြိုးနီစနစ် များနဲ့ လုပ်ကိုင်နေရလို့ကြန့်ကြာနိုင်တယ်လို့ သုံးသပ်ပါတယ်။
၆။    ဗိုလ်ချုပ်နဲ့ အထက်အရာရှိတွေဟာ သူတို့ပခုံးပေါ် အပွင့်တင်နိုင်ရေး၊ တပည့်များကို နေရာပေးနိုင်ရေးအတွက် အဆင့်၊ ရာထူးများကို ကြံဖန်ပေးခဲ့တာမို့ ကွပ်ကဲမှူများပြီး မလိုလားအပ်ဘဲ နှောင့်နေး ဖြစ်စဉ်များ ရှိနေပါတယ်။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့တောင် လုပ်ချင်တဲ့ စီမံချက်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခွင့်မပြုတာရှိခဲ့ပြီး ယခင်က လျှမ်းလျှမ်းတောက် စစ်ဦးစီးဗိုလ်မှူးချုပ်မှာလည်း ယခုတော့ကလေးလို ငေါက်ငမ်းခံနေရတာမို့ ‘ဟုတ်ကဲ့ … အဘ’ လို့ဘဲ ပုတ်သင်ညို  ဖြစ်နေတယ်လို့သိရပါတယ်။
၇။    ထိပ်ပိုင်းကပြောပြောနေတဲ့ Standard Army ဖြစ်လာဘို့ လက်ရှိတပ်မတော်ရဲ့ W.E, Power Line up Duty Function, စွမ်းရည် (၃) ရပ် စစ်မြေပြင်နဲ့အောက်ခြေနယ်ပယ်မှာ ပြည့်စုံကောင်းမွန်မှူ တကယ်ကောရှိနေပြီလား ဆိုတာ ယခင်ဖြစ်စဉ်များနဲ့  ခုဖြစ်စဉ်များကို နှိုင်းယှဉ်သုံးသပ်တင်ပြသွားပါမယ်။

http://gita.cc/archives/43120

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်