AZG/MSF နယ်စည်းမခြား ဆရာဝန် အဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်မည် ဆိုပါက ဆေးကောင်စီ၏ လက်မှတ်မပါဘဲ ကုသမှုမပြုလုပ်ရန် ရခိုင်ပြည်နယ် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့က AZG/MSF ထံ စက်တင်ဘာလ ၁၉ ရက်နေ့က စစ်တွေမြို့တွင် တောင်းဆိုလိုက်သည်။
AZG/MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီး အချို့အပါအဝင် (ECC)မှ တာဝန်ရှိသူများနှင့် ECC ရုံးခန်းတွင် စက်တင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် က တွေ့ဆုံပွဲတွင် ယခုကဲ့သို့တောင်းဆိုလိုက်ခြင်ြး
“မြန်မာနိုင်ငံဆေးကောင်စီရဲ့လက်
ယခုတောင်းဆိုလိုက်သည့်အချက်အပါ
ယင်းသို့တောင်းဆိုချက်ကို AZG/MSF က လိုက်လျောပေးမည်ဟု AZG/MSF ၏ မြန်မာ နိုင်ငံဆိုင်ရာ ဒုတိယ ဌာနေ ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း
ယင်းနေ့ကရောက်ရှိလာသည့် AZG/MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စား လှယ်မှာ ECC မှ တာဝန် ရှိသူများနှင့်လာရောက်မိတ်ဆက်
“သူတို့တွေ နောက်တစ်ခေါက်ပြန်လာမှ ရှေ့ဆက်လုပ်မယ့် plan တွေကိုချပြမယ်။ ဒါပေမယ့် ဘယ်တော့ ပြန်လာမယ် ဆိုတာပြောမသွားခဲ့ဘူး”ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူတစ် ဦးက ဆိုသည်။
AZG/MSF အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမျိုးစုနှစ်ခုအပေါ် ဘက်လိုက်ဆောင်ရွက် သည်ဟုဆိုကာ ရခိုင် ဒေသခံများက ယင်းအဖွဲ့ကိုအလိုမရှိကြောင်း အကြိမ်ကြိမ်ဆန္ဒပြတောင်းဆို ထားကြသည့်အပြင် ယင်းအဖွဲ့ ရခိုင်ပြည်ကထွက်သွားစေရန်အတွက်
“AZG ကို ရခိုင်တွေမကျေနပ်တာက အဓိကနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ပေါက်တောမြို့နယ် မူဆလင် ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီတွေ လူစုနေတာကို ရဲက သေနတ်ဖောက်လူစုခွဲတယ်။ အစိုးရနဲ့ဘင်္ဂါလီဖြစ်တာ ကို ရခိုင်နဲ့ ဘင်္ဂါလီ ဖြစ်တယ်ဆိုပြီး မမှန်သတင်းလွှင့်တယ်။ နောက်ပြီး ဘင်္ဂါလီတွေသတ်လို့ သေသွားတဲ့ မောင်တော ဒုချီးရားတန်းက ရဲတပ်ကြပ်ကြီး သေဆုံးတဲ့ကိစ္စမှာ ရခိုင်တွေက ဘင်္ဂါလီ တွေကို အနိုင်ကျင့် နေပါတယ်ဆိုပြီး မမှန်သတင်းလွှင့်တယ် ” ဟု ဒုချီးရားတန်းဖြစ်စဉ်အစီရင်ခံစာ ရေးသွင်းရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်ပါဝင်ခဲ့သူ စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်က ပြောသည်။
ယင်းကဲ့သို့ ရခိုင်ဒေသခံများအလိုမရှိဖြစ်နေေ
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က AZG အနေဖြင့် ပြည်ထောင်စုအစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်သော်လည်း ယင်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် လုပ်ကိုင်မည်ဆိုပါက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးရဦးမည်ြ
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နေပြည်တော်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ထိုးလိုက်သည့် သဘောတူလက်မှတ်ရေးထိုးထားချက်အရ စာချုပ်သက်တမ်း ၂ နှစ်အ တွင်း ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် ငှက်ဖျား၊ အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် မိခင်ကလေးစောင့်ရှောက်ရေး လုပ်ငန်းစသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့လုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာ ၂၉ သန်း ၇ သိန်းနီးပါး သုံးစွဲသွားမည် ဖြစ်ကြောင်းလည်း စက်တင်ဘာလ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားချ
http://www.narinjara.com/burmese/?p=11942
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်