နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့က ပဲန်တေကို့စတယ်လ် ခရစ်ယာန်
ဘုရားကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က တောင်အာဖရိကနိုင်ငံသား
၃၀၀ လောက် လည်ပတ်နေတုန်း ကျောင်းဝင်းထဲက ဆောက်လုပ်ဆဲ အဆောက်အဦ
ပြိုကျခဲ့လို့ လူအယောက် ၆၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်
အတိအကျကို ခုထိ မသိရသေးပါဘူး။ ကြီးမားတဲ့ အဆောက်အဦရဲ့ အထပ်တွေအောက်မှာ
လူတွေ အများကြီး ပိတ်မိနေဆဲပါ။
ဧည့်သည်တွေ တည်းခိုရာ အဆောက်အဦရဲ့ နဂို ရှိနေတဲ့ ၂ ထပ် အဆောက်အဦပေါ်
နောက်ထပ် ၃ ထပ် ထပ် တင်ဆောက်လုပ်နေဆဲမှာ ခုလို ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ဒေသခံရုပ်သံကတော့ အဆောက်အဦ ပြိုမကျခင် ထူးဆန်းတဲ့ လေယာဉ်တစီးက
အဆောက်အဦပေါ် ဖြတ်ပြီး အကြိမ်ရေ အတော်များများ ပျံနေခဲ့တယ်လို့
အစီရင်ခံပါတယ်။
နိုင်ဂျီးရီးယားအာဏာပိုင်တွေကတော့ ဒါမရိုးဖြောင့်တဲ့ ကြေညာချက်လို့ ပြောပါတယ်။
သမ္မတ ဂျက်ကော့ဇူးမားကတော့ ဒီမတော်တဆမှုကြောင့် လူ ၆၇ ယောက် သေဆုံးပြီး
တောင်အာဖရိကရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးဆုံးကပ်ဘေးတွေထဲက တခုလို့
ပြောပါတယ်။ ပြိုကျရတဲ့အကြောင်းရင်းကို ရှင်းပြမှုတော့ မရှိသေးပါဘူး။
By ဒီဗွီဘီ
http://burmese.dvb.no/archives/65240
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်