15 September 2014 11:43(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
မဲဆောက်-မြ၀တီ မြန်မာဘက်တံတားရှေ့မှာ ဒီနေ့ မနက် ၇ နာရီ ၀န်းကျင်လောက်က အချိန်ကိုက် ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။
မြ၀တီမြို့ အမှတ် ၁ ရပ်ကွက်က ကားပစ္စည်း အရောင်းဆိုင်ရှေ့မှာ ဗုံးတွေ့ရှိလို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့လို့ သင်္ကန်းညီနောင် အခြေစိုက် ဗျုဟာမှူးက ဦးစီးပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်ကနေ လာရောက် ရှင်းလင်းခဲ့ပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား၊ မြန်မာဘက် တံတားအောက်မှာ BGF တပ်နယ် ၃ က လုံခြုံရေး ယူထားပြီး မြန်မာ့တပ်မတော်က လုံခြုံရေး တပ်ဖွဲဝင် ၁၀ ဦးလောက် ဒီကနေ့ ထပ်တိုး နေရာယူထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/64968

0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်