- လွန်မင်းမန် | Tuesday, 09 September 2014
သူရဦးရွှေမန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီဥက္ကဌငုယင်ဖူထယောင်နှင့် စက်တင်ဘာလ
၆ရက်နေ့က တွေ့ဆုံကြစဉ် ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တို့အကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း ဗီယက်နမ်သတင်းဌာန
Vietnam News Agency က ဖော်ပြခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရာတွင် လွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်းနှင့် အာဏာရပါတီ
အချင်းချင်း အပြန်အလှန် ပူးပေါင်းဆက်သွယ်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးမှသည် ကမ္ဘာ့ငြိမ်းချမ်း
ရေးအထိ ရည်မှန်း လုပ်ဆောင်သွားမည်ရန်လည်း ဆွေးနွေးခဲ့ကြသည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီ
အနေဖြင့် လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို
ပါတီတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေးအရ စီမံခန့်ခွဲမှုအတွေ့အကြုံများ
ကို ဝေငှခြင်းအပါအ၀င် အနီးကပ်ဆက်ဆံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ဗီယက်နမ်နှင့်မြန်မာနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအပါအ၀င် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံသည်
မြန်မာနိုင်ငံအတွက် စီးပွားရေး အရ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ယင်းအနေအထားကို
ဆက်လက်ထိန်းသိမ်း ပေးသွားရန် ၎င်းအနေဖြင့် ဆန္ဒရှိနေကြောင်း သူရဦးရွှေမန်းက တွေ့ဆုံမှု
အတွင်း ပြောကြားခဲ့သည်။
ထို့ပြင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံများ၏ လွှတ်တော်များအကြားပူးပေါင်းဆောင်ရွက်မှုများနှင့်
ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နှင့် အတွေ့အကြုံများ ဖလှယ်ရေးကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြ
သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၁ဘီလျံအထိ
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရည်မှန်းထားပြီး ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ဘီလျံမှ ၂.၅ဘီလျံ
အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ရည်မှန်းထားသည်။ ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်းသည် ဗီယက်နမ်နိုင်ငံလွှတ်တော်ဥက္ကဌ ငုယင်ဆင်းဟွန်၏ ဖိတ်ကြားမှုကြောင့်
ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေခြင်းဖြစ်ပြီး စက်တင်ဘာလ၅ရက်နေ့တွင် ခရီးစဉ်
စတင်ခဲ့ကာ စက်တင်ဘာလ၉ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။
သူရဦးရွှေမန်းသည် ဗီယက်နမ်သမ္မတ ထရောင်တန်ဆန်နှင့်လည်း စက်တင်ဘာလ၆ရက်နေ့က
တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်