Written by ယုဝေ
ရန်ကုန် (မဇ္ဈိမ) ။ ။ တိုင်းရင်းသား လူငယ်ညီလာခံကို ပထမအကြိမ်အဖြစ်
ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၂၀၁၅ ခုနှစ် ဖေဖော်ရီလ ၁၂ ရက်
(ပြည်ထောင်စုနေ့)၌ စတင်ကျင်းပနိုင်ရန် ရည်ရွယ်ထားသည်ဟု
တိုင်းရင်းသားလူငယ်ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ မိုင်မျိုးအောင်က
မဇ္ဈိမကို ပြောသည်။
“တိုင်းရင်းသားလူငယ်တွေကြားမှာ တစ်မျိုးနွယ်နဲ့ တစ်မျိုးနွယ်
စည်းစည်းလုံးလုံးရှိစေချင်လို့၊ အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင်တွေကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို လူငယ်တွေအနေနဲ့ ဘယ်
လိုဖြေရှင်းပေးလို့ရမယ် ဆိုတာတွေ အဖြေရှာမယ်’’ဟု ၎င်းက ပြောသည်။တိုင်းရင်းသားလူငယ်ညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်နယ်၊ လာရှိုးမြို့ ဂေါက်ကလပ် ဟိုတယ်တွင် ကျင်းပခဲ့ပြီး အကြိုညှိနှိုင်းပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ် ညီလာခံကို ၂၀၁၅ခုနှစ် ဖေဖော်ရီလအတွင်း ကျင်းပရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲအတွင်း တိုင်းရင်းသားလူငယ် ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
ထိုညီလာခံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ၊ မူးယစ်ဆေးဝါးနှင့် လူမှုရေးပြဿနစသည့် အဓိကခေါင်းစဉ်ကြီး လေးခုအောက်တွင် ခေါင်းစဉ်ငယ် ၂၀ ကျော်ဖြင့် ဆွေးနွေးသွားမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးတစ်မျိုးလျှင် လူငယ်ကိုယ်စားလှယ် ၇ ဦးမှ ၁၅ဦးတက်ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး ထိုညီလာခံတွင် တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်ဦးရေ ၃၀၀ မှ ၅၀၀ကြား တက်ရောက်ရန် ခန့်မှန်းထားသည်ဟု ၎င်းက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/31252-2014-10-29-12-22-30
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်