AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, October 29, 2014

ဗြိတိန်နှစ်ဦးကို သတ်ခံရမှု ဒုတိယကြိမ် DNA စစ်ရန် ထိုင်းခွင့်ပြု

Written by 

ထိုင်းလူသတ်မှုတွင် မေးခွန်းများစွာ ထောက်ပြနေသဖြင့် တရားခံအဖြစ် စွပ်စွဲထားသူ မြန်မာနှစ်ဦး၏ DNA ကို နောက်တစ်ကြိမ် စမ်းသပ်စစ်ဆေးခံရန် ထိုင်းရဲက ခွင့်ပြုမည်ဟု ဝန်ကြီးချုပ်က အောက်တိုဘာ ၂၉ ရက်က ပြောသည်။
Thailan-Suspects-8
(ဓာတ်ပုံ - အီးပီအေ)
ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် သေဆုံးခန္ဓာတစ်ခုတွင် တွေ့ရှိသည့် ဒီအိုင်အေနှင့် ကိုက်ညီသည်ဟုဆိုကာ မြန်မာရွေ့ ပြောင်းလုပ်သား

နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းစုံစမ်းစစ်ဆေးမှုများအတွက် ထောက်ပြခြင်းများရှိခဲ့သည်။
စက်တင်ဘာ ၁၅ ရက်က ကော့တောင်ကျွန်းတွင် မုဒိမ်းကျင့် သတ်ဖြတ်ထားသည့် ခရီးသွားဗြိတိန်စုံတွဲ၏ ယိုယွင်းရုပ်အလောင်းများကို
တွေ့ရှိပြီးနောက် မြန်မာလူငယ်နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းကို ဖမ်းဆီးခဲ့သည်။
၎င်းတို့ နှစ်ဦးက အမှုတွင် ပထမ၌ ခံဝန်ခဲ့သော်လည်း ပြီးခဲ့သည့်အပတ်က ရိုက်နှက်နှိပ်စက်သဖြင့် ခံဝန်ရခြင်းဖြစ်ကြောင်း ခံဝန်ကို ငြင်းဆန်ခဲ့သည်။
ယင်းအမှုတွင် ထိုင်းရဲများ ကိုင်တွယ်ပုံနှင့်ပတ်သက်ကာ ထိုင်းနိုင်ငံတွင်းပင်မက နိုင်ငံရပ်ခြား တိုင်းပြည်များက ဝေဖန်နေကြသည်။
"သံသယရှိနေတာတွေကြောင့် DNA ပြန်လည်စစ်ဆေးဖို့  ခွင့်ပြုမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စစ်ဆေးမှုမှာ မသမာတာရှိနေတယ်လို့ ထင်ရင်
နောက်တစ်ကြိမ် ပြန်စစ်ဆေးခွင့် ပြုမှာပါ"ဟု ဝန်ကြီးချုပ်ပရာယုချန်အိုချာက သီတင်းပတ် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။
ယခုကဲ့သို့ ဒုတိယအကြိမ် DNA ပြန်စစ်ဆေးခွင့် တောင်းဆိုထားခြင်းရှိမရှိကိုမူ ကျိန်းသေမသိရသေးပေ။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-8/item/31251-dna

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်