ကျောင်းသားတွေ တောင်းဆိုမှုကို လက်တလော ဟောင်ကောင်အစိုးရက မလုပ်ပေး နိုင်ခဲ့ပေမယ့် ၂ နာရီကြာ ဆွေးနွေးပွဲကို ဟောင်ကောင်ပြည်သူတွေ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ကြည့်ရှုခွင့်တော့ ရခဲ့ပါတယ်။
အစိုးရကိုယ်စားလှယ်ခေါင်းဆောင် အတွင်းဝန် ကာရီလန် (Carrie Lam)က ဟောင်ကောင်အစိုးရက လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးဖို့ ကြိုးစားနေပြီး ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ဗဟိုပြည်မအစိုးရကို တင်ပြပေးပါမယ်လို့ ပြောဆိုပါတယ်။
ကျောင်းသားတွေ တောင်းဆိုတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာကလည်း ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲနောက်ပိုင်းမှ အခွင့်အရေး ရနိုင်ပါတယ်လို့ ပြောဆိုပါတယ်။
ကျောင်းသားခေါင်းဆောင်တွေကတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲစနစ်ကို အခု ချက်ချင်း ရရှိလိုပြီး အဲ့ဒါအတွက် တိကျတဲ့လမ်းပြမြေပုံ ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို တိုက်ရိုက်ကြည့်ရှုခဲ့ကြတဲ့ ဟောင်ကောင်ပြည်သူတွေ ဆွေးနွေးပွဲအဖြေ တိတိကျကျ မထွက်ခဲ့တာအပေါ် အားရကျေနပ်မှုတော့ မရခဲ့ကြပါဘူး။
နှစ်ဖက်စလုံးကတော့ ဆွေးနွေးပွဲဟာ တိုးတက်တဲ့ခြေလှမ်းတလှမ်းလို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
လောလောဆယ်တော့ ဟောင်ကောင်အစိုးရဘက်က တိကျတဲ့အဖြေပေးဖို့ ငြင်းဆန်ခဲ့သလို ကျောင်းသားတွေဖက်ကလည်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို လွယ်လွယ်နဲ့ ရုပ်သိမ်းမယ့်ပုံ မရှိသေးပါဘူး။
http://burmese.dvb.no/archives/68609
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်