AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, November 10, 2014

အကြမ်းဖက်သံသယဖြင့် ဖမ်းထားသူ မြန်မာနိုင်ငံသား ၂၀ ဦးကို ရုံးထုတ်

Written by  ဂျွန်ချစ်ငြိမ်း

တောင်ကြီး (မဇ္ဈိမ)။ ။ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်ကြောင်း သံသယရှိမှုဖြင့် ဖမ်းဆီးထားသူ
မြန်မာနိုင်ငံသား ၂၀ ဦးကို တောင်ကြီးခရိုင် တရားရုံးတွင် နိုဝင်ဘာ ၁၀ ရက်က ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
Toung-Gyi-Terrorist
နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်ကြောင်း သံသယရှိသူများကို နိုဝင်ဘာ ၁၀ ရက်က စစ်ဆေးသည့် တောင်ကြီးခရိုင် တရားရုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)
ထိုစဉ်အတွင်း တရားရုံး အနီးဝန်းကျင်တွင် လုံခြုံရေး အစောင့်အရှောက် တင်းကျပ်စွာချထားပြီး ဝင်ထွက်ခွင့်ကိုလည်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တားမြစ်ထားသည်။ စစ်ဆေးမှုကို မွန်းလွဲ တစ်နာရီမှ စတင်ခဲ့ပြီး ညနေ သုံးနာရီခွဲတွင် ပြီးဆုံးသည်ဟု စစ်ဆေးခံရသူများဖက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။

"တရားမျှတမှု အတွက် အခမဲ့ရှေ့နေလိုက်ပေးတာပါ၊ လူမျိုးဘာသာ နဲ့မဆိုင်ပါဘူး ” ဟု ၎င်းကပြောသည်။ စစ်ဆေးခံနေရသူများအနက် ယင်းသို့ ကျူးလွန်ကြောင်း အထောက်အထားခိုင်လုံစွာ မတွေ့ရသူ ၇ ဦးအတွက် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ အယူခံလွှာ တင်သွင်းထားသော်လည်း ပယ်ချခံရသည်ဟု ဒေါ်ခင်မိုးမိုးကပြောသည်။
သို့သော် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ ဆက်လက်တင်သွင်းရန် စီစဉ်မည်ဟု ၎င်းက ဆိုသည်။
တောင်ကြီးမြို့နေ ၁၂ ဦး၊ ကွန်ဟိန်းမြို့နယ်နေ ၁ ဦး၊ နေပြည်တော်မှ ၁ ဦး၊ ကျောက်ဆည်မြို့နေ ၆ ဦး တို့ကို ဖမ်းဆီးထားခြင်းဖြစ်ပြီး  အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး ၄ ဦး ပါဝင်သည်။ ၄င်းတို့ အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်က မဇ္ဈိမကို အတည်ပြုထားသည်။
၎င်းတို့ကို  သြဂုတ်လ ၄ ရက်တွင် တောင်ကြီးမြို့မှ ကွန်ဟိန်းမြို့နယ်သို့ သွားရာလမ်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူ ၂၀ ကို အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၅ (ည) ၊ ပေါက်ကွဲစေတတ်သော လက်နက် ဥပဒေနှင့် လူထုကို စည်းရုံးလှုံ့ဆော်မှု ၅ (ဌ) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/32144-2014-11-10-16-53-42

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်