AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, November 10, 2014

လိပ်ကျွန်းကိစ္စ အမှုတည်ဆောက်ရန် ထိုင်းရဲတို့ အချိန်ထပ်တောင်း

Written by  ဟိန်းကိုစိုး

ရန်ကုန် (မဇ္ဈိမ)။ ။ ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး၏ အမှုကို ပြန်လည်စိစစ်ရန် ထိုင်းအစိုးရ ဥပဒေရုံးက သတ်မှတ်ထားသည့် ရက်ပြည့်ချိန်အထိ ခိုင်လုံသော အထောက်အထား မရသေး၍  ထိုင်းရဲတို့ကို ရက်တိုးထပ်ပေးထားသည်ဟု ယင်းအရေး လိုက်ပါ ဆောင်ရွက်နေသူ မြန်မာသံရုံး အထူးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
Thailan-Suspects-8
(ဓာတ်ပုံ - အီးပီအေ)
မူလက နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားခြင်းဖြစ်ပြီး ထိုင်းရဲတို့၏ ထပ်မံလျှောက်ထားမှုကြောင့် နိုဝင်ဘာ ၂၈ ရက်သို့ ထပ်တိုးပေးလိုက်ခြင်းဖြစ်သည်။

"ထိုင်းရဲကအခု ဒီအမှုကို တင်တဲ့အခါ မျက်မြင်လည်း မရှိတဲ့အတွက် ရဲက တော်တော်ခက်ပါလိမ့်မယ်။ အဲဒီအပြင် ဥပဒေရုံးကလည်း ဒီအတိုင်းလွှတ်ပေးလိုက်လို့ တရားရုံးရောက်သွားရင် စစ်ဆေးတဲ့အခါ အမှုခိုင်လှုံ မှုမရှိရင် တရားသေလွှတ်တဲ့ အထိ ဖြစ်နိုင်ပါတယ်" ဟု ဦးအောင်မျိုးသန့်က ဆိုသည်။
မြန်မာသံရုံးအဖွဲ့နှင့် ထိုင်းရှေ့နေများကေင်စီတို့က ထိုင်းရဲတို့၏ မျက်မြင်သက်သေမရှိဘဲ အမှုတည်ဆောက်ထားမှုကို ချေပနိုင် ရန် မြန်မာနှစ်ဦး၏ နောက်ကြောင်း ရာဇဝင်ကို အတူနေ မြန်မာလုပ်သားများမှ လိုက်လံ စုဆောင်းနေသည်ဟုဆိုသည်။
တရားရုံးက အမှုတွဲ လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် အာမခံရရှိရေး ဦးစားပေးရန် စီစဉ်ထားသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။ ထို့ပြင်ယင်းအချိန်အတွင်း မြန်မာနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးမည် ဆိုသည်။
ထိုသို့ အရေးကိစ္စများကို ကူညီသည့် အနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်နှစ်ဦးတို့က ကျပ်သိန်း ၃၀၀ လှူဒါန်းထားသည်ဟု ဆိုသော်လည်း ယနေ့အထိ မြန်မာသံရုံး အထူးအဖွဲ့ထံ မရောက်သေးဟုလည်း ဦးအောင်မျိုးသန့်က ဆိုသည်။
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် လပြည့်ညပွဲတော်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ကျူးလွန်သူများသည် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-8/item/32118-2014-11-10-12-46-22

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်