
ရှေးခေတ် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်း
ရှေးရခိုင်များ၏ “ရခိုင်သမိုင်းစာပေများ၊ ရခိုင်သမိုင်း ဓာတ်ပုံရုပ်ကြွင်းများ၊ ရခိုင်ယဉ်ကျေးမှုပြပွဲ” တစ်ခုကို ခင်းကျင်း ပြသနေစဉ် အတွင်း နိရဉ္စရာမှ မေးမြန်းစဉ် ထိုသို့ သက်ကြီးပိုင်းများက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်တွင် ခေတ်အဆက်ဆက် ထင်ရှားခဲ့ကြသည့် ဆရာတော် ဦးဥတ္တမ ကဲ့သို့သော ပုဂ္ဂိုလ်ထူးများ၊ ပညာရှင်များ၊ ရခိုင်သူများ၏ရိုးရာ ဝတ်စားဆင်ယင်ပုံများ၊ ရခိုင့် စာပေနှင့် သက်ဆိုင်သည့် ကျမ်းစာအုပ်များ၊ ဓာတ်ပုံများနှင့် ကျောက်စာ များ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်း နန်းရာကုန်းမှ ထွက်ရှိသည့် လူ့အသုံးအဆောင် ပစ္စည်း အပိုင်းအစများ၊ ရခိုင့်ရိုးရာရက္ကန်းရက်လုပ်ေ

“ရှေးခေတ်က ရခိုင်စာပေပညာရှင်တွေ၊ မင်းကောင်းမင်းမြတ်တွေ၊ ရခိုင်လူမျိုးတွေ ဆောင်ရွက် ခဲ့ကြတဲ့ ဘုရားစေတီ၊ တိုင်းပြည်နိုင်ငံ၊ ရခိုင်စာပေယဉ်ကျေးမူတွေ လွှမ်းမိုးခဲ့ကြတာတွေကို အခု ခေတ်လူငယ်လေးတွေ သိစေချင်ပါတယ်။ ဒီအတွက် ခုလို ပြပွဲမျိုးကျင်းပရတာပါ” ဟု စစ်တွေမြို့ရှိ သာကီမဏ္ဍိုင်စာပီဝိုင်း၏ နယကဖြစ်သူ ဦးမောင်သိန်းထွန်းက ယင်း၏ ဆန္ဒကို ထုတ်ဖော် ပြောသည်။
ယနေ့ခေတ် လူငယ်များအနေဖြင့် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်း
ယခု ပြပွဲကို စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်းတွင်ပြုလု
“ဒီလိုမျိုးထုတ်ဖော်မပြသရင် ကျွန်တော်တို့ရခိုင်မှာ တစ်ချိန်ကရှိခဲ့တဲ့ ရခိုင်ရိုးရာယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ အထောက် အထားတွေ၊ မှတ်တမ်းမှတ်ရာတွေကို ရခိုင်လူငယ်တွေ သိလာတော့မှာမဟုတ် ပါဘူး”ဟု သူက ပြောသည်။
ရခိုင်လူငယ် အများစု အနေဖြင့် ရခိုင်သမိုင်းအထောက်များနှင့် ရိုးရာယဉ်ကျေးမှုများစသည် များကို လေ့လာလိုက်စားခြင်း မရှိသည့် အတွက် ယခုကဲ့သို့ ပြပွဲများပြုလုပ်ခြင်းဖြင့် လေ့လာလိုက်စားလိုသည့် အသိစိတ် များရရှိနိုင်သွားမည်ဟု ယုံကြည်ကြောင်း စစ်တွေတက္ကသိုလ်၊ အင်္ဂလိပ်စာမေဂျာမှ ကိုမြတ်ကျော်သိန်း က ယင်း၏အမြင်ကိုပြောသည်။

“ဒီလိုပြပွဲတွေလုပ်တာ အရင်တုန်းကမရှိခဲ့တဲ့ အတွက် ရခိုင်လူငယ်တွေ အများစုက ကိုယ့်လူမျိုးရဲ့ သမိုင်းတန်ဖိုးကို မသိဘူး။ ခုလို သိခွင့်ရလာတော့ အပျက်အစီး လျှော့နည်းလာနိုင်ပါတယ်”ဟု သူက ဆိုသည်။
ရခိုင်လူငယ်များ အနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမူ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းလိုသော စိတ်ဓါတ်မရှိပါက ရခိုင်လူမျိုးမှာ များမကြာမီ ပျောက်ကွယ်သွားနိုင်သည်ဟု သူကဆိုသည်။
“ဒီလိုမျိုးသာ ရခိုင်လူငယ်တွေ ကိုယ့်ရခိုင်နဲ့ပတ်သက်ပြီး လေ့လာလိုက်စားမှုလည်း မရှိဘူး၊ သမိုင်းမှာဖြစ်တည်ခဲ့တဲ့ ကိုယ့်ပြည်နဲ့ ကိုယ့်လူမျိုးကိုလည်း မထိန်းသိမ်း၊ မစောင့်ရှောက်ဘူးဆိုရင် ကျွန် တော်တို့ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေဟာ နောင်တစ်ချိန်မှာ ပျူလူမျိုးတွေပျောက်ကွယ်သလိုမျု
သာကီမဏ္ဍိုင်စာပီဝိုင်းကဦးဆောင်ြ
http://www.narinjara.com/burmese/?p=12650
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်