AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Thursday, November 6, 2014

ပုံဖျက်ဖုံးကွယ်ခြင်းဒေသနာ


ပုံဖျက်ဖုံးကွယ်ခြင်းဒေသနာ
ငြိမ်းဇေဦး

သာသနာ့အလံဟာ
သတိဆွဲ အလေးပြုစရာ ဖြစ်တော့မှာလား ...
မရှင်းလို့ပါ
ကျောင်းဒကာ။


အမျိုး ဘာသာ သာသနာ
သေချာတာပေါ့၊ စောင့်ထိန်းမှ
အဲဒါ ... ရင်ထဲကကိစ္စ
တယောက်ချင်းရဲ့ဘ၀ဆိုင်ရာ။

ဆန့်ကျင်စရာတွေ …
လူရာမသွင်းချင်စရာတွေ သိပ်များလွန်းတဲ့ တိုင်းပြည်ပါ
ပြည်တွင်းစစ်နဲ့ ဇိမ်ယစ်ခွင့်ရသွားကြတဲ့
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ခရိုနီတွေ၊
နာဂစ်အခြေခံဥပဒေ၊
လာဘ်ကို ဆယ်ဘ၀စာ စားပြီး
ထွန်းကားလူရာဝင်ချင်နေတဲ့
အကြည်ညိုခံချင်သူ ဓားပြ ဒီဂရီချ သူခိုးတွေ၊
ပွက်ပွက်ထနေတာမှ
မမြင်ချင့်အဆုံး။

နားလည်တတ်ပါတယ် ...
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ လောကမှာ
ဆန့်ကျင်တာ အသာထား
နသားပါးရားမလုပ်ရင်ကို တော်လှ
ပုံဖျက်ဖုံးကွယ်ကြကုန်လော့ ...။ ။

ငြိမ်းဇေဦး

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်