AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, November 7, 2014

ဘင်လာဒင်ကို သတ်လိုက်သူဟု နေဗီဆီးလ် အဖွဲ့ဝင်တစ်ဦး ၀န်ခံပြီးနောက် အငြင်းပွားမှုများ ဖြစ်ပေါ်လာ

Written by 

အမေရိကန်၏ အလိုရှိဆုံး အကြမ်းဖက် ခေါင်းဆောင် ဖြစ်သည့် အယ်လ်ခိုင်ဒါ ခေါင်းဆောင် ဘင်လာဒင်ကို သုတ်သင်သည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့သူ အမေရိကန် နေဗီးဆီးလ် အဖွဲ့ ဝင် ခြောက်ဦး အနက်မှ ရောဘတ် အိုနေးလ် ဆိုသူက ဘင်လာဒင်ကို ၎င်းပစ်သတ် ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ဖော် ပြောဆို ခဲ့ရာ အမှန်တစ်ကယ် ပစ်ခတ် ခဲ့သူနှင့် ပတ်သက်ပြီး အငြင်းပွား မှုများ ဖြစ်ပွားလျက် ရှိသည်။
oneill
ဘင်လာဒင်၏ ခေါင်းအတွင်းသို့ ကျည်သုံးတောင့် ပစ်ထည့်ခဲ့သည်ဟု ဆိုသည့် အိုနေးလ်။ ဓာတ်ပုံ - Daily Mail
အသက် ၃၈နှစ်ရှိ အိုနေးလ်သည် ဝါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျုးတွင် ယင်းသို့ ပြောကြား သွားခြင်း ဖြစ်ရာ ကျန်အဖွဲ့ဝင် များက ၎င်းအား လူလိမ်တစ်ဦး အဖြစ် ပြောဆို ကြသော်လည်း စစ်ဆင်ရေး အတွင်း ပါဝင် ခဲ့ကြောင်းကိုမူ သဘောတူ ကြသည်။ အိုနေးလ်က အင်တာဗျူးတွင် မိမိမှာ ဘင်လာဒင်၏ ဦးခေါင်း အတွင်းသို့ ကျည်ဆံ သုံးတောင့် ပစ်သွင်းခဲ့ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“တကယ် ပစ်သတ်ခဲ့သူ အစစ် အမှန်ကို လူသိ ရှင်ကြား ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ် ပါဘူး။ ပါဝင်ခဲ့ သူများ အနေနဲ့ ဒီလို လူသိထင်ရှား ပြောဆို တာမျိုး မလုပ်ကြဖို့ တာဝန်ခံမှု ရှိတယ်။ ဒါကြောင့် သူအပြော တွေက အမှန်အကန် ဖြစ်မှာ မဟုတ်ဘူး။ သူသတ်လို့ ဘင်လာဒင် သေရတယ် ဆိုတာကို ကျန်အဖွဲ့ ဝင်တွေ က မှန်ပါတယ် ဆိုပြီး သက်သေ လိုက်တာ မရှိဘဲနဲ့ တော့ သူစကားကို အမှန်လို့ အတည်ပြု နိုင်မှာ မဟုတ်ဘူး”ဟု ဆီးလ် အဖွဲ့ သတင်းရင်းမြစ် တစ်ရပ်က ပြော သည်။
အခြား သတင်းရင်းမြစ် တစ်ရပ် ကလည်း အိုနေးလ်၏ ပြောစကားကို  အခြား အဖွဲ့ ဝင် တစ်ဦးဦးက အမည် မဖော်ဘဲ ချေပ လာလိမ့်မည် ဖြစ်ကြောင်း မေးလ် အွန်လိုင်းသို့ ပြောခဲ့သည်။ ယခု အိုနေးလ်၏ ပြောစကားကို စစ်တပ် တာဝန်ရှိသူ များကလည်း မမှန်ကန်ကြောင်း ကောက်ချက် ချသည်ဟု စီအန်အန်၏ ပင်တဂွန် သတင်းထောက်က ပြောခဲ့သည်။
အိုနေးလ်သည် ဘင်လာဒင် စစ်ဆင်ရေးနှင့် ပတ်သက်၍ ယခင်က Esquire မဂ္ဂဇင်းသို့ အမည် မဖော်ဘဲ သတင်းပေး ခဲ့သူ ဖြစ်ပြီး လက်ရှိ၌ Fox News နှင့် လာမည့် သတင်းပတ်တွင် အင်တာဗျုးရန် စီစဉ် ထားသည်။ အိုနေးလ် မတိုင်မီက စစ်ဆင်ရေးနှင့် ပတ်သက်ပြီး အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဘစ်ဆွန်းနက် ဆိုသူ ထုတ်ဝေခဲ့သည့် No Easy Day စာအုပ်ပါ အချက်အလက် များနှင့် အိုနေးလ်၏ ပြောစကား များက ဖီလာ ဖြစ်နေသည်။
“မတူညီတဲ့ အကြောင်းခံ နှစ်ခုနဲ့ လူနှစ်ဦးက မတူညီတဲ့ ဇာတ်လမ်းကို ပြောကြ မှာပဲ။ အိုနေးလ်က ဘာပဲ ပြောပြောလေ။ အဲဒါက သူပြောတာပဲ။ ကျွန်တော်တော့ ဒီကိစ္စကို မထိမတို့ ချင်ဘူး”ဟု ဘစ်ဆွန်းနက်က အန်ဘီစီ နယူးက သွားရောက် မေးမြန်း ရာတွင် ဘစ်ဆွန်းနက်က အိုနေးလ်၏ စကားကို တိုက်ရိုက် ငြင်းဆိုခြင်း မရှိဘဲ ဖြေကြား သွားခဲ့သည်။
အိုနေးလ်က ယခုကဲ့သို့ လူထုထံ ဖွင့်ချ ခြင်းသည် ဘင်လာဒင်ကို ပထမအဖွဲ့ဝင် တစ်ယောက်က စပစ်သော်လည်း လွဲချော်ကြောင်း၊ ဒုတိယ အဖွဲ့ ဝင် ပစ်ခတ်မှ ဘင်လာဒင် သေဆုံးခြင်း ဖြစ်ကြောင်း ဆီးလ်အဖွဲ့ ၏ ပြောစကား ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။
          
ထိုကိစ္စ အလုံးစုံကို Fox News နှင့် အင်တာဗျုးတွင် အိုနေးလ်က ရှင်းလင်း တော့မည် ဖြစ်သည်။ အိုနေးလ် အနေဖြင့် ယင်းသို့ ထုတ်ဖော် ပြောရန် နောက်ထပ် တွန်းအား တစ်ရပ်မှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွင်း သေဆုံးသူ များ၏ ကျန်ရစ်သူ မိသားစု များနှင့် တွေ့ ဆုံပွဲ ပြီးနောက် အလိုအလျောက် ဖြစ်ပေါ် လာသည့် စိတ်အခံ ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။
         
ဘင်လာဒင် စစ်ဆင်ရေး အကြောင်း စာအုပ် ထုတ်ခဲ့သည့် ဘစ်ဆွန်းနက် ကိုလည်း ပင်တဂွန်နှင့် အခြား အဖွဲ့ဝင် များက စိတ်ဆိုး ဒေါသထွက် ခဲ့ကြသည်။ ဘစ်ဆွန်းနက်၏ စာအုပ်တွင်၂၀၁၁ မေ ၂ ရက်က ပါကစ္စတန် နိုင်ငံ အဘူတာဘတ်ရှိ ဘင်လာဒင် ခြံဝင်း အတွင်းသို့ စစ်ဆင်ရေး ဆင်နွှဲမှု အကြောင်း ရေးထား ရာတွင် ၎င်းနှင့် အဖွဲ့ဝင် တစ်ဦးတို့ ဘင်လာဒင် အခန်းတွင်း ဝင်သွား ခဲ့ချိန်တွင် ဘင်လာဒင်သည် ပစ်ခတ် ခံထားရ၍ ကြမ်းပေါ် လဲနေပြီ ဖြစ်ကြောင်း၊ အခြား အဖွဲ့ ဝင်က သေနတ်ဖြင့် ထပ်ပစ် ခဲ့ကြောင်း၊ ဘင်လာဒင် ခေါင်းအား ၎င်းသယ်မကာ ခန်းမတွင်းသို့ သယ်လာစဉ် အခြား အဖွဲ့ ဝင်များ ရောက် လာကြောင်း ရေး သား ထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/31883-2014-11-07-11-18-53

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်