Written by အေအက်ဖ်ပီ (ပေကျင်း)
အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ဒေသတွင်း ထိပ်သီးအစည်းဝေးအတွက်
နိုဝင်ဘာ ၁၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ၎င်း၏
တစ်ပတ်ကြာ အာရှခရီးစဉ်တွင် ပထမဆုံး သွားရောက်သည့် နေရာဖြစ်သည်။

အမေရိကန် သမ္မတ ဘာရက်အိုဘားမား နိုဝင်ဘာ ၁၀ ရက်က ပေကျင်းလေဆိပ်သို့ ရောက်ရှိလာသည်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အိုဘားမားသည် ယင်းနေ့နံနက်တွင် အင်ဒိုနီးရှား သမ္မတသစ်
ဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် တရုတ်နိုင်ငံ မြို့တော်
ပေကျင်းမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ်
စီပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ၏ ဆွေးနွေးပွဲတွင်
မိန့်ခွန်းပြောကြားမည် ဖြစ်သည်။အဖွဲ့ဝင်၂၁ နိုင်ငံပါဝင်သော APEC အဖွဲ့မှ ခေါင်းဆောင်များနှင့် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အိုဘားမားသည် တင်းမာမှုများနှင့် စပ်လျဉ်း၍ သမ္မတ ရှီကျင့်ပင်နှင့် ဆွေးနွေးမှုများ အပါအဝင် တရုတ်နိုင်ငံတွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ဆက်လက်နေထိုင်သွားမည်ဖြစ်သည်။
ယင်းနောက်အိုဘားမားသည် အာဆီယံဆွေးနွေးပွဲ၏ကြားကာလအချိန်များတွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ထို့နောက် ဂျီ-၂၀ ဆွေးနွေးပွဲတက်ရန် သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့သို့သွားရောက်မည် ဖြစ်သည်။
အိုဘားမားသည်ခရီးစဉ်အတွင်း တြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပါအဝင် ဒေသတွင်း မဟာမိတ်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။
ရှရှားသမ္မတ ဗလာဒီမာပူတင်က ပေကျင်းနှင့်ဘရစ္စဘိန်းသို့လာရောက်မည်ဖြစ်သော်လည်း အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း ခရိုင်မီးယားဒေသကို သိမ်းပိုက်မှုနှင့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေး စစ်ပွဲအတွင်း ပါဝင်မှု အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ခံနေရသော ရှရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို၏ ဆက်ဆံရေးမှာ စစ်အေးကာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/32102-2014-11-10-09-09-06
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်