မိုးကြိုးထိ၍ တစ်ဦးသေ၊ ၁၄ ဦးဒဏ်ရာရ
Written by သက်အောင် (ဇေယျဝတီ)
ဖြူး (မဇ္ဈိမ)။ ။ နိုဝင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲခန့်က
ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းများ ကျရောက်ကာ လမ်းလျှောက်နေသူ အမျိုးသား
၅ ဦး မိုးကြိုးထိမှန်၍ တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ဖြူးမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး အရှေ့ကျေးရွာအုပ်စု နတ်ရေကန်ရွာနှင့်
ကျောင်းစုရွာကြားရှိ ရွှေအင်းလေးဘုရားရှေ့ ဇနပ်အနီး၌
မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် လာလူးဆိုသူ
ခန္ဓာကိုယ်ညိုမဲဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်လေးဦးမှာ
ဒဏ်ရာအသီးသီး ရကာ ဖြူးဆေးရုံး၌ အတွင်းလူနာ အဖြစ် တင်ဆောင်ထားရပြီး ဒဏ်ရာမှာ
မစိုးရိမ်ရဟု ဆိုသည်။သေဆုံးမှုနှင့် ပတ်သက်၍ ဖြူးမြို့၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်နေသည်ဟု စခန်းမှူး ဒုရဲမှူး စံလှက ပြောသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/32108-2014-11-10-10-15-09
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်