AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, January 21, 2015

လာအို၏ အနိမ့်ဆုံး လုပ်ခလစာ ဒေါ်လာ ၁၀၀ ကျော် သက်မှတ်မည့် အစီအစဉ် အသက် ၀င်တော့မည်

Written by  သည်နေးရှင်း

ဗီယန်ကျင်း။    ။အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေ ကြသည့် အလုပ်သမား များနိုင်ငံ သို့ပြန် လာရေး အတွက် အဓိက ထားရေး ဆွဲထားသည့် လာအို အစိုးရ၏ အနိမ့်ဆုံး လုပ်ခ လစာ တိုးမြင့်မည့် အစီအစဉ်သည် လာမည့် လတွင် တရားဝင် အသက် ဝင်လာ နိုင်သည်ဟု ဗီယက်နမ် တိုင်းမ် သတင်းဌာန ကဖော်ပြသည်။
Lao-worker
အနိမ့်ဆုံး လုပ်ခလစာ တိုးမြင့်မှု တွင်လက်ရှိ လာအိုနိုင်ငံသုံး ငွေကြေး ကစ်ပ်၆၂၆,ဝဝဝ (ထိုင်းဘတ်ငွေ ၂,၅ဝ၅)(အမေရိ ကန်ဒေါ်လာ ၇၈ဒေါ် လာခန့်)မှကစ်ပ် ၉ဝဝ,ဝဝဝ (ဘတ် ၃,၆ဝ၁ ဒသမ ၅၃) (အမေရိ ကန်ဒေါ်လာ ၁၁၂ ဒေါ်လာခန့်)ထိ တိုးမြင့် မည်ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်က အမျိုးသား ညီလာခံတွင် အနိမ့်ဆုံးလုပ်ခ လစာနှုန်း ထားသည် မကြာမီတိုးမြင့် မည်ဖြစ်ကြောင်း လာအို အစိုးရက ကတိပြု ထားသည်။ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီး ချင်းနိုင်ငံ များသို့ လာအို အလုပ်သမားများ သွားရောက် လုပ်ကိုင်နေ ခြင်းများကို လျှော့ချရန် ယခုကဲ့သို့ အစိုးရက လုပ်ခလစာ တိုးမြင့်ရန် စီစဉ်ခြင်း လည်းဖြစ်သည်။
လာအိုနိုင်ငံရှိ အနိမ့်ဆုံး လုပ်ခလစာသည် ၂ဝ၁၂ ခုနှစ်က စတင်တိုးမြင့် လာခဲ့ပြီး ယင်းအချိန်က အလုပ် သမားများသည် တစ်လလျှင် ကစ်ပ် ၃၄၈,ဝဝဝ ရရှိခဲ့ ပြီးနောက် ပိုင်းတွင် တစ်လလျှင် ကစ်ပ် ၆၂၆,ဝဝဝ ထိ တိုးမြင့် ခဲ့သည်။
လက်ရှိနှုန်း ထားဖြစ်သော တစ်လလျှင် ကစ်ပ် ၆၂၆,ဝဝဝ သည် များပြား သည့်နှုန်း ထားမဟုတ်သေးဘဲ ယင်းသည် ကန်ဒေါ်လာ ၁ဝဝ အောက် နည်းပါးနေခြ င်းကြောင့် အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကို ပိုမိုဆွဲဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိ အချို့ ကပြောသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/37482-2015-01-21-10-13-40

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်